ဒီအကြောင်းက ကျွန်တော်တို့ကို လူကြီးတွေ အမြဲ ပြောတတ်တာတွေထဲက တစ်ခုပါ။ ထမင်း စားပြီးလို့ ရေချိုးမယ်လို့ ပြင်လိုက်ရင် “ထမင်း စားပြီး ရေ မချိုးရဘူး” ဆိုတဲ့စကားကို အမြဲ ကြားခဲ့ရတာပဲလေ။
.
ဒီနေ့တော့ ထမင်းစားပြီး ရေ ချိုးတဲ့အခါ ဘာတွေ ဖြစ်တတ်သလဲဆိုတဲ့
ဆေးပညာပိုင်းဆိုင်ရာ ဆောင်းပါးလေးကို ဘာသာပြန်ပေးသွားပါ့မယ်။ လူကြီးတွေ ပြောတာ
မှန်/မမှန် သိရတာပေါ့။
.
ထမင်း စားပြီး ရေချိုးတဲ့အခါ အန္တရာယ် ရှိလားလို့ ပြောရရင်
အများအားဖြင့်တော့ အန္တရာယ် မရှိဘူးလို့ ပြောရ မှာပါ။ ဒါပေမဲ့ ထမင်းစားပြီး
ရေချိုးတဲ့အခါ အစာ ချေဖျက်မှုကိုတော့ ထိခိုက်စေနိုင်ပါတယ်။
.
ရေ ချိုးတဲ့အခါတောင်မှ ရေအေးနဲ့ မဟုတ်ဘဲ ရေနွေးနဲ့
ချိုးတာ၊ ဒါမှမဟုတ် ရေနွေး စိမ်တာ စတာတွေက အစာချေဖျက်မှု လုပ်ငန်းစဉ်ကို လုံးဝ အနှောင့်အယှက်
ဖြစ်စေတယ်လို့ ကျန်းမာရေး ဆောင်းပါးတွေမှာ ပါရှိပါတယ်။
.
ရေနွေးနဲ့ ထိတွေ့လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ “Hyperthermic
Action”လို့ ခေါ်တဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပေါ် လာစေပြီး
ကိုယ်အပူချိန် မြင့်တက်လာတာပါ။ ဒီဖြစ်စဉ်က စိတ် အပန်းပြေစေပေမဲ့လည်း အစာ ချေဖျက်နေချိန်
မှာ ခန္ဓာကိုယ် အပူချိန်က မြင့်တက်ပြီးသား ဖြစ်နေတာမို့ ခန္ဓာကိုယ် အတွင်းပိုင်းစနစ်တွေကို
ရှုပ်ထွေးသွား စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
.
ဒီအချက်တွေက တိကျတဲ့သိပ္ပံအထောက်အထားတွေ မပြနိုင်ပေမဲ့လည်း အစာ စားပြီး
ပြီးချင်း ရေနွေးနဲ့ ရေချိုးတာကတော့ ထူးခြားတဲ့ အကျိုးကျေးဇူးတွေလည်း မရှိတာမို့
ရှောင်ကြဉ်သင့်တယ်လို့ အကြံပြုထား တာပါ။
.
အစာ စားပြီး ရေချိုးတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့ သက်ရောက်မှုတွေကတော့ အစာမကြေ ဖြစ်တာ၊ ဗိုက်နာတာ၊ ဗိုက် ဖောင်းတာနဲ့ လေထိုးလေအောင့်တာ တို့ပါပဲ။
.
ဒါ့အပြင် ရေနွေးနဲ့ ချိုးတာ၊ ရေနွေး စိမ်တာတွေက သွေးပေါင်ချိန်ကို ယာယီ မြင့်တက်စေတာတွေမို့ အစာစား ပြီးလို့ သွေးပေါင်ချိန် မြင့်လာတာနဲ့ ကြုံလိုက်တဲ့အခါ မျိုးမှာဆိုရင် နှလုံး ဒါမှမဟုတ် လေဖြတ်နိုင်ချေကို တိုးစေတယ်လို့ ဆေးပညာမဂ္ဂဇင်းတွေမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
.
ဒီတော့ အစာ စားပြီး ဘယ်လောက်ကြာမှ ရေချိုးသင့်လဲ ဆိုရင် အနည်းဆုံး နာရီဝက်၊ တစ်နာရီလောက် စောင့်ပြီးမှ ရေချိုးတာ အကောင်းဆုံးပါ။ ယေဘုယျအားဖြင့်တော့ စောင့်ဆိုင်းချိန် ပိုကြာလေလေ အစာ ချေဖျက်မှု ပို အဆင်ပြေ လေလေဖြစ်ပြီး ကျန်းမာရေးအ ရထိခိုက်မှုတွေလည်း ရှိနိုင်တော့မှာ မဟုတ်ပါဘူး။
.
Source – Health
.
#KBZTai #Shan #Health #Knowledge


No comments:
Post a Comment