.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
ယူကရိန်းသမ္မတ ဇီလန်းစကီးက
စစ်ပွဲအဆုံးသတ်နိုင်ဖို့ ကြိုးပမ်းမှုအသစ် အနေနဲ့ ရုရှားသမ္မတ ပူတင်နဲ့ မျက်နှာချင်းဆိုင်
ဆွေးနွေးခွင့်ရဖို့ တောင်းဆိုလိုက်ပါတယ်။
.
.ရုရှားသမ္မတအတွက် ရည်ရွယ်တယ်ဆိုတဲ့
ဇီလန်းစကီးရဲ့ အိတ်ဖွင့်ပေးစာထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ ကြားဝင်လာမှုကို
စောင့်ဆိုင်းနေဖို့မလိုဘဲ ယူကရိန်းနဲ့ ရုရှားအကြား တိုက်ရိုက် ဆွေးနွေးမှုတွေ ကသာ
ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားတာပါ။
.
ဇီလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
ကျင်းပနေတဲ့ ကာလတစ်လျှောက် အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝပေးဖို့ တောင်းဆိုခဲ့ပြီး
ပူတင်က ဒီတောင်းဆိုချက်ကို မနေ့က ပယ်ချသွားခဲ့ပါတယ်။
.
ဒေါ်နယ်ထရမ့်ကတော့ ဒီခေါင်းဆောင်နှစ်ဦး
တွေ့ဆုံဆွေးနွေးမယ့်ကိစ္စဟာ ကောင်းမွန်တဲ့ကိစ္စတစ်ရပ်သာ ဖြစ်တဲ့အကြောင်း
မှတ်ချက်ပေးထားခဲ့တာပါ။
.
ရုရှားသမ္မတရုံးကတော့ ဇီလန်းစကီးရဲ့ပေးစာကို
လက်ခံရရှိထားကြောင်းနဲ့ ပူတင် ကို အသိပေးတင်ပြ သွားမယ့် အကြောင်း အတည်ပြုထားပါတယ်။
ဒါပေမဲ့ ပေးစာထဲမှာ စကားအသုံးအနှုန်းတွေက လှောင်ပြောင် တဲ့သဘောတွေ ပါဝင်နေပြီး
ရုရှားနယ်မြေအတွင်း တိုက်ခိုက်ခဲ့မှုတွေကို ဇီလန်းစကီးက ရည်ညွှန်းရေးသား ထားတာတွေလည်း
ရှိပါတယ်။
.
“အာဏာရလာတာ ၂၆ နှစ်ရှိပြီဖြစ်တဲ့ ပူတင်အတွက်
ဇရာက စကားပြောနေပြီ” ဆိုတဲ့အသုံးအနှုန်းတွေက ဇီလန်းစကီးရဲ့ ပေးစာထဲမှာ
ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
.
ဇီလန်းစကီးအနေနဲ့ ပူတင်ကို
တွေ့ဆုံဆွေးနွေးခွင့်တောင်းတာက အနည်းဆုံး ၅ ကြိမ်အထိ ရှိပြီဖြစ်ပြီး ပူတင်ဖက်ကတော့
ဆွေးနွေးမှုတွေ ပြုလုပ်ချင်တယ်ဆိုရင် မော်စကို ကို လာနိုင်တဲ့အကြောင်း အမြဲတမ်း တုံ့ပြန်ခဲ့တာပါ။
.
ယူကရိန်းဖက်ကတော့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲတွေကို
ဆွစ်ဇာလန် ဒါမှမဟုတ် တူရကီ လို နိုင်ငံမျိုးမှာ
တွေ့ဆုံကျင်းပနိုင်တယ်ဆိုတဲ့အကြောင်း အကြောင်းပြန်ထားခဲ့ပါတယ်။
.
Source – BBC
.

No comments:
Post a Comment