■ ကူဝိတ်ရဲ့ လေကြောင်း
ကာကွယ်ရေးစနစ်တွေက အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ် ဖျက်ဆီးနေနိုင်တဲ့အကြောင်း
ကူဝိတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ ပြည်သူတွေအနေနဲ့ ပေါက်ကွဲသံတွေ ကြားရမယ်ဆိုရင်
ဒါက လေကြောင်း တိုက်ခိုက်မှုတွေကို ကြားဖြတ်တားဆီးတဲ့ အသံတွေပါပဲလို့ ကူဝိတ် တပ်မတော်ရဲ့
စစ်ဦးစီးချုပ်ရုံးက ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက
ထုတ်ပြန်ထားတဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေး ညွှန်ကြားချက်တွေကို လိုက်နာကြဖို့လည်း ကူဝိတ်စစ်တပ်က မေတ္တာ ရပ်ခံထားပါသေးတယ်။
.
■ အမေရိကန်ဖက်က
အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာတဲ့နောက် အီရန်က ကူဝိတ်နဲ့ ဘာရိန်းက
အမေရိကန် လေတပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားတဲ့အကြောင်း
သတင်းတွေက ဖော်ပြနေကြပါတယ်။ အီရန်က ကူဝိတ်ကို တိုက်ခိုက်မှုတွေ စတင်နေပြီ ဖြစ်ပြီး
ဘာရိန်း ကိုတော့ မကြာခင် တိုက်ခိုက်တော့မှာ ဖြစ်တယ်လို့ သတင်းတွေမှာ တွေ့နေရတာပါ။
အီရန်စစ်တပ်ဖက်ကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အသံတိတ် နေခဲ့သလို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို
တုန့်ပြန်သွားမယ့် အရိပ်အယောင်တွေလည်း တွေ့နေရပါတယ်။
.
■ အမေရိကန်က
ကြားဝင် ညှိနှိုင်းပေးနေတဲ့ အစ္စရေးနဲ့ လက်ဘနွန်အကြား ဆွေးနွေးပွဲတွေမှာ
တိုးတက်မှုတွေ ရှိလာတဲ့အကြောင်း CNN က ဖော်ပြပါတယ်။
နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရှိလာနေခဲ့ပြီး
ဆွေးနွေးပွဲတွေကို ဒီနေ့မှာ ဆက်လက်ကျင်းပဖို့ ရှိနေသေးတာပါ။ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို
ပြန်လည်ခိုင်မာစေမယ့် ကတိကဝတ်နဲ့ အစ္စရေးရဲ့လုံခြုံရေးကို
အာမခံနိုင်မယ့် သဘောတူညီချက် တစ်ခုဆီ ရောက်အောင် အမေရိကန်က
ကြိုးစားပေးမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွန်မီ
ပီဂေါ့ က ပြောဆိုထားပါတယ်။
.
■ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ
ဘာရိန်းနိုင်ငံအတွင်း အရေးပေါ် အချက်ပေးသံတွေ မြည်နေခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူတွေကို စိတ်အေးအေးထားကြဖို့နဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ
ခိုအောင်းနေကြဖို့ တိုက်တွန်းထားတာပါ။ ဘာရိန်းနိုင်ငံမှာ အချက်ပေးသံတွေ မမြည်ခင်
အချိန်ပိုင်းအလိုမှာ ကူဝိတ်မှာ ရှိတဲ့ အမေရိကန်လေတပ် အခြေစိုက်စခန်းကို ဒုံးကျည် ၃
စင်း ထိမှန်ခဲ့တယ်လို့ သတင်းတွေ တက်လာခဲ့တာပါ။ အဲဒီနောက် နာရီ အနည်းငယ်အကြာမှာတော့
ဘာရိန်းနိုင်ငံထဲမှာ ဒုံးကျည် အချက်ပေးဥဩသံတွေ မြည်လာခဲ့လို့ ပြည်သူတွေ
ကြောက်လန့်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။
.
■ အီရန်နိုင်ငံ၊
ကက်ရှ်မ်ကျွန်းပေါ်က လေကြောင်းတိုက်ခိုက်မှုတွေကို ကိုယ့်ကိုယ်ကိုယ်
ကာကွယ်ဖို့အတွက် ပြုလုပ်ခဲ့ရတာ ဖြစ်ကြောင်း အမေရိကန်ဖက်က ကြေညာထားပါတယ်။
အီရန်စစ်တပ်တွေက ကက်ရှ်မ်ကျွန်းမှာ အခြေစိုက်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေကို
တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို တုန့်ပြန်တဲ့အနေနဲ့ ဆောင်ရွက်ခဲ့တာ လို့ အမေရိကန်
စစ်ဖက်က ကြေညာထားတာပါ။ အီရန်ဖက်က ဘာရိန်းနိုင်ငံကို ဒုံးကျည် ၃ စင်း
ပစ်လွှတ်ခဲ့ပြီး အမေရိကန်နဲ့ ဘာရိန်းလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ၃ စင်းလုံးကို
ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန်က အသိပေးထားပါတယ်။
.
Source – BBC , CNN

No comments:
Post a Comment