ဟံသာဝတီကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ရှမ်းယူနိုက်တက် ယူ ၂၀ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 6, 2026

ဟံသာဝတီကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ရှမ်းယူနိုက်တက် ယူ ၂၀


ဒီနေ့ ညနေပိုင်းမှာ ကစားခဲ့တဲ့ ဟံသာဝတီ ယူ-၂၀ နဲ့ ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းတို့ရဲ့ လူငယ်လိဂ် ပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်က ၀-၃ နဲ့ အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် (၃) နေရာအထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

.
ရာသီ အစကတည်းက အခုချိန်ထိ ကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ၃ ပွဲစလုံး ရှုံးပွဲ မရှိသေးတဲ့ ရှမ်းယူနိုက်တက် လူငယ်အသင်းက သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ဆက်လက်ပြသခဲ့တာ ဖြစ်ပြီး ပွဲချိန် ပထမပိုင်းမှာတင် ၀-၂ နဲ့ ဦးဆောင်ခဲ့တာပါ။
.
ဒုတိယပိုင်းမှာလည်း ရှမ်းယူနိုက်တက်ကပဲ ပွဲကို ဆက်လက် ဦးဆောင်ခဲ့ပြီး တတိယမြောက် ဦးဆောင်ဂိုးကို ထပ်သွင်းခဲ့တာမို့ ပွဲအပြီးမှာ ၀-၃ ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။
.
ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၃၄ မိနစ်မှာ နေလင်းထွန်း၊ ပွဲချိန် မိနစ် ၄၀ မှာ လင်းဝဏ္ဏနဲ့ ပွဲချိန် ၈၂ မိနစ်မှာ ကောင်းထက် တို့က သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ရှမ်းယူနိုက်တက်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ ကျောနံပတ် ၂၆ နေလင်းထွန်းက ရရှိသွားခဲ့ပြီး ဆုတံဆိပ်နဲ့အတူ ဆုငွေကျပ် ၂ သိန်းကို ရရှိသွားခဲ့တာပါ။
.
၂၀၂၆ ခုနှစ် လူငယ်လိဂ်ပြိုင်ပွဲ၊ ပွဲစဉ် ၃ ရဲ့ ဒုတိယနေ့ပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာတော့ ရန်ကုန်ယူနိုက်တက် အသင်းက အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ISPE က ဒုတိယ၊ ရှမ်းယူနိုက်တက် က တတိယနေရာတွေမှာ အသီးသီး ရပ်တည်ထားကြတာ ဖြစ်ပါတယ်။

.
#KBZTai #Shan #U20 #Football

 

No comments:

Post a Comment

Pages