အီရန် အနိုင်ကျင့်သမျှကို ပင်လယ်ကွေ့နိုင်ငံတွေ ဘာကြောင့် သည်းခံနေကြတာလဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 8, 2026

အီရန် အနိုင်ကျင့်သမျှကို ပင်လယ်ကွေ့နိုင်ငံတွေ ဘာကြောင့် သည်းခံနေကြတာလဲ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

.

လက်ရှိမှာ အီရန်က အစ္စရေးကို တိုက်နေပါပြီ။ တချိန်တည်းမှာပဲ ကူဝိတ်၊ ဘာရိန်းက အမေရိကန်လေတပ် အခြေစိုက်စခန်းတွေကို ပစ်နေသလို ဆော်ဒီကိုလည်း ဒုံးကျည်တွေ ရောက်လာတယ်လို့ သတင်းတွေ တက်လာနေတာပါ။

.

.

အီရန်ရဲ့တိုက်ခိုက်မှုက ပင်လယ်ကွေ့နိုင်ငံတွေဖြစ်ကြတဲ့ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ UAE နဲ့ ဆော်ဒီ တို့အထိ ရောက်လာပြီး တချို့နိုင်ငံတွေမှာဆို အမေရိကန်စစ်တပ်မရှိတဲ့ စီးပွားရေးအချက်အခြာ နေရာတွေကိုပါ တိုက်ခိုက်ခံနေရတာပါ။

.

ဒီလိုဆိုရင် ဒီပင်လယ်ကွေ့နိုင်ငံတွေက အီရန်ကို ဘာလို့ ပြန်မပစ်ကြသလဲ၊ အီရန် တိုက်ခိုက်သမျှကို ဘာလို့ ငြိမ်ခံနေကြလဲ၊ အဖြေက ဒီလိုပါ။

.

အဓိက အားဖြင့်တော့ ဒီနိုင်ငံတွေက အီရန်နဲ့ တိုက်ရိုက်စစ်ပွဲထဲ မဝင်ချင်တာကြောင့်ပါ။ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ UAE နဲ့ ဆော်ဒီ တို့က ပင်လယ်ကွေ့ နိုင်ငံတွေဖြစ်ကြပြီး အီရန်နဲ့ တော်တော်လေးနီးကြပါတယ်။ ဒါကြောင့်မို့ သူတို့ပါ စစ်ပွဲထဲ ဝင်လိုက်ရင် အမေရိကန်နဲ့ အစ္စရေးထက် အရင်ဆုံး ထိခိုက်မယ့်သူတွေက သူတို့ပဲဖြစ်သွားမှာမို့ပါ။

.

ဒါ့အပြင် စစ်အင်အားမှာ အီရန်နဲ့ ယှဉ်လို့မရတာကလည်း အကြောင်းရင်းတွေထဲက တစ်ခုပါ။ အီရန်ကို အမေရိကန် တိုက်ထားလို့ အင်အားနည်းနေတယ် ဆိုပေမဲ့ လက်ရှိမှာ ဒုံးကျည်အမြောက်အမြား ကျန်နေသေး သလို ဒရုန်းတွေနဲ့ ဒေသတွင်း မဟာမိတ်တွေလည်း ရှိနေပါတယ်။

.

ပင်လယ်ကွေ့နိုင်ငံတွေက ချမ်းသာကြတာမှန်ပေမဲ့ အီရန်လောက်တော့ လက်နက်အင်အားမရှိကြဘဲ တစ်နိုင်ငံတည်း ထွက်လာပြီး အီရန်နဲ့ ရေရှည်စစ်တိုက်နေရမှာကို ဘယ်သူမှ မလိုလားကြပါဘူး။

.

အီရန်နဲ့ စစ်တိုက်လို့ စီးပွားရေးထိခိုက်မှုတွေ ဖြစ်လာမှာကလည်း ပင်လယ်ကွေ့နိုင်ငံတွေ စိုးရိမ်နေတာတွေ ထဲက တချက်ပါ။ ဒီနိုင်ငံအများစုရဲ့ ဝင်ငွေတွေက ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေ ရနေတာမို့ စစ်ဖြစ်ပြီး အဲဒီနေရာတွေကို ထိခိုက်လာမယ်ဆိုရင် နိုင်ငံစီးပွားရေး ထိုးကျသွားမှာကို စိုးရိမ်နေကြတာလည်း ရှိပါတယ်။

.

နောက်ထပ်တစ်ခုက အမေရိကန်ကို အားကိုးနေကြတာပါ။ သူတို့ကိုယ်တိုင် ပြန်တိုက်တာထက် အမေရိကန် ရဲ့ အကာအကွယ်ကို ယူထားတာက ပိုကောင်းတယ်လို့ ခံယူနေကြပြီး ဒုံးကျည်ကာကွယ်ရေးစနစ်တွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေမှာ အမေရိကန်နဲ့ ပူးပေါင်းလုပ်ဆောင်နေကြတာြဖစ်ပါတယ်။

.

နောက်ဆုံးတစ်ခုကတော့ သံတမန်ဆက်ဆံရေး မပျက်စီးစေချင်တာကြောင့်ပါ။ အထူးသဖြင့် ကာတာ၊ ကူဝိတ်နဲ့ UAE နိုင်ငံတွေက ပြီးခဲ့တဲ့ နှစ်တွေထဲမှာ အီရန်နဲ့ဆက်ဆံရေး တိုးတက်လာအောင် ကြိုးစားခဲ့ကြ သူတွေပါ။ ဒါ့အပြင် ဆော်ဒီကလည်း ၂၀၂၃ မှာ အီရန်နဲ့သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ခဲ့တာပါ။

.

ဒါ့ကြောင့် အီရန်က သူတို့ကို ပစ်ခတ်နေရင်တောင် သူတို့လုပ်နိုင်တာက အီရန်သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်တာ၊ ကုလသမဂ္ဂကို တိုင်တာ၊ လေကြောင်းကာကွယ်ရေး တိုးမြင့်တာ၊ အမေရိကန်နဲ့ ပူးပေါင်းတာ လောက်ပဲ လုပ်ကြမှာဖြစ်ပြီး အီရန်နယ်မြေထဲကို ဒုံးကျည်တွေ ပြန်ပစ်ဖို့ဆိုတာ နောက်ဆုံးအဆင့်မှာမှ စဉ်းစားမှာပဲဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages