ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 1, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ


ဒီနေ့ ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -

.
ကျောင်းဖွင့်ရာသီမှာ စက်သုံးဆီဝယ်ဖို့ ခက်နေတဲ့ ကျောင်းသားမိဘတွေ အခက်ကြုံ
ကျောင်းဖွင့်ရာသီ ရောက်လာပြီ ဖြစ်ပေမယ့်လည်း စက်သုံးဆီ ဝယ်ယူဖို့ အခက်အခဲနဲ့ စုံ/မ ကန့်သတ်ချက်တွေကြောင့် အခြေခံလူတန်းစားတွေ ဖြစ်ကြတဲ့ ကျောင်းသား မိဘတွေနဲ့ ဆရာ/ဆရာမတွေက ကျောင်း အသွား/အပြန် ကိစ္စတွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေကြပါတယ်။

.

ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုကနေ သေဆုံးသူ အရေအတွက် ၅၀ ကျော်လာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကနေ သေဆုံးသူ အရေအတွက် ၅၀ ကျော်လာခဲ့ပြီလို့ သိရပါတယ်။

.

အမေရိကန်လေတပ်အခြေစိုက် စခန်းကို တုန့်ပြန်တိုက်ခိုက်နေပြီ ဖြစ်တဲ့ အီရန်
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ (IRGC) က အမေရိကန်ရဲ့ လေတပ်အခြေစိုက် စခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် ဆိုတဲ့အကြောင်း ကြေညာလိုက်ပါတယ်။ ဟော်မုဂန်ပြည်နယ်မှာ ရှိတဲ့ ဆီရစ်ကျွန်းပေါ်က အီရန် ဆက်သွယ်ရေးမျှော်စင်တစ်ခုကို အမေရိကန်လေတပ်က တိုက်ခိုက်ပြီးတဲ့နောက် လက်တုန့်ပြန်တဲ့အနေနဲ့ အဲဒီ လေတပ်စခန်း အခြေစိုက်ရာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို အီရန်နိုင်ငံတွင်း သတင်းတွေမှာ တွေ့နေရတာပါ။

.
#KBZTai #Shan #Broadcasting
.

Link - https://youtu.be/uqOt4wLH4jE

No comments:

Post a Comment

Pages