.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် ယနေ့
ဇွန်လ ၈ ရက်၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် နေအိမ်တစ်လုံး အုတ်တံတိုင်းပြိုကျပြီး
အမျိုးသမီးတစ်ဦး ပိမိသေဆုံးခဲ့ကြောင်း သိရသည်။
.
.တန့်ယန်းမြို့၊ ရပ်ကွက် (၆)၊ အုပ်စု (၅) ရှိ နေအိမ်တစ်လုံးအနီးတွင်
ယနေ့ ဇွန်လ ၈ ရက်၊ နံနက် ၇ နာရီခန့်က မြေပြိုမှု ဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံးပေါ်သို့
ပိမိနေသည့်အတွက် မီးသတ်တပ်ဖွဲ့က ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ
အမျိုးသမီးတစ်ဦး ပိမိသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း တန့်ယန်း ဗဟိုမီးသတ်က
ထုတ်ပြန်ထားသည်။
.
ထို့အပြင် တန့်ယန်းမြို့ပေါ် ရပ်ကွက် (၅) နှင့် ရပ်ကွက်
(၆) ရှိ ကမ်းပါးရံများတွင် တည်ဆောက်ထားသည့် နေအိမ်အချို့ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း
သိရသည်။
.
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန်လ
၈ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက် များအရ ရှမ်းပြည်နယ်တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း
ရွာနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးတိမ်တောင် များ ဖြစ်ထွန်းနေကာ လေပြင်းတိုက်ခတ်ခြင်း
၊မိုးကြိုးပစ်ခြင်းနှင့် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
.

No comments:
Post a Comment