ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ ရှမ်းပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့
ဒီနှစ်မှာ ကျောင်းအပ်သူ ၅ သိန်း ၆ သောင်း ကျော်ရှိ
ရှမ်းပြည်နယ် တစ်ခုလုံးအနေနဲ့ အခြေခံပညာအဆင့် အစိုးရကျောင်း၊
ကိုယ်ပိုင်ကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ဇွန်လ ၁ ရက်နေ့အထိ
ကျောင်းအပ်နှံသူ ဦးရေ ငါးသိန်းခြောက်သောင်း ကျော်ရှိတယ်လို့ သိရပြီး
ယမန်နှစ်က ကျောင်းသားစာရင်းထက် လျော့နည်းနေတာကို တွေ့ရပါတယ်။
.
■ ၂၀၂၆ အတွင်း
ထိုင်းကွန်ဒို ဝယ်ယူသူစာရင်းမှာ မြန်မာ တတိယ နေရာကနေ ရပ်တည်
၂၀၂၆ ခုနှစ်ရဲ့ပထမ ၃ လပတ်အတွင်း ထိုင်းနိုင်ငံတွင်းက ကွန်ဒိုတွေ
ဝယ်ယူကြတဲ့ နိုင်ငံခြားသား စာရင်းမှာ မြန်မာက တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။
.
■ ယူကရိန်း မြို့ကြီးတွေကို ရုရှားက အကြီးစား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အနည်းဆုံး ၉
ဦး သေဆုံး
ယူကရိန်းနိုင်ငံထဲက မြို့ကြီးတွေ ဖြစ်ကြတဲ့
ဒီနီပရိုနဲ့ ကိဗ် မြို့တွေကို ရုရှားက အကြီးစားဒုံးကျည်နဲ့
ဒရုန်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တစ်မနက်အတွင်း အနည်းဆုံး လူ ၉
ဦးသေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
.
#KBZTai #Shan #Broadcasting
.
Link
- https://shorturl.at/ZsuP8
No comments:
Post a Comment