တာချီလိတ်တွင် အရှိန်မထိန်းနိုင်သည့်ကားတစ်စီးက ဆိုင်ကယ်ကိုဝင်တိုက်ပြီး အမျိုးသမီးတစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

တာချီလိတ်တွင် အရှိန်မထိန်းနိုင်သည့်ကားတစ်စီးက ဆိုင်ကယ်ကိုဝင်တိုက်ပြီး အမျိုးသမီးတစ်ဦး သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းတွင် ယနေ့ ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းက အရှိန်မထိန်းနိုင်သည့် ကားတစ်စီးမှ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.



.

တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာအနီး၊ ကျိုင်းတုံ-တာချီလိတ် ကားလမ်းတွင် ယနေ့ ဇွန်လ ၂၀ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က တာချီလိတ်မြို့တွင်းမှ ဟွေခိုက်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် Crown အမျိုးအစား မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူ ရှေ့မှ အမျိုးသမီးတစ်ဦး မောင်းနှင်နေသည့် Wave-110 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတွင် နဖူးပေါက်ပြဲဒဏ်ရာ၊ နားနှင့် နှာခေါင်းတို့မှ သွေးထွက် ဒဏ်ရာ၊ ယာဘက် လက်ကောက်ဝတ်ကျိုးဒဏ်ရာနှင့် ယာခြေသလုံးကျိုးဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

.

သေဆုံးသူအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မော်တော်ယာဉ်အား မဆင်မခြင် အရှိန်ပြင်း စွာ မောင်းနှင်ကာ ရှေ့တွင် လမ်းမှန်အတိုင်း မောင်းနှင်နေသော ဆိုင်ကယ်အား နောက်မှဝင်ရောက်တိုက်မိပြီး အခြားသူတစ်ဦး သေဆုံးစေခဲ့သူ Crown ကားမှ ယာဉ်မောင်း စိုင်းရှဲန်တစ် အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages