.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀
.
တောင်အာဖရိက နိုင်ငံထဲက HIV ကူးစက်ရောဂါပြန့်ပွားမှုကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ်တွေ အတွက်
ထောက်ပံ့မှုတွေကို ရပ်ဆိုင်းတော့မှာ ဖြစ်တဲ့အကြောင်း အမေရိကန်အစိုးရက ကြေညာလိုက် ပါတယ်။
တောင်အာဖရိကမှာ လက်ရှိ HIV ပိုး ကူးစက်ခံထားရတဲ့သူ ၈
သန်းကျော်ရှိနေပြီး ကမ္ဘာပေါ်မှာ HIV ပိုးကူးစက်ခံရမှု
အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာပါ။
.
.ထရမ့်ရဲ့ လက်ထက်မှာ အမေရိကန်နဲ့ တောင်အာဖရိက
အကြား ဆက်ဆံရေးက တင်းမာလာခဲ့ပြီး တောင် အာဖရိက အစိုးရအနေနဲ့ နိုင်ငံတွင်းက
လူဖြူလူနည်းစု အသိုင်းအဝိုင်းကို အကာအကွယ်ပေးဖို့ ပျက်ကွက် နေတဲ့အကြောင်း ထရမ့်က
စွပ်စွဲထားတာပါ။ တောင်အာဖရိက အစိုးရက ထရမ့်ရဲ့စွပ်စွဲချက်ကို အကြိမ်ကြိမ်
ငြင်းဆိုခဲ့ပေမဲ့ ထရမ့်က သူ့ရဲ့ဒုတိယသက်တမ်းမှာ တောင်အာဖရိက နိုင်ငံထဲမှာ
လူဖြူတွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိနေတယ်လို့တောင် စွပ်စွဲခဲ့ဖူးတာပါ။
.
တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနကတော့
ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ တရားဝင် အသိပေးစာ မရရှိသေးတဲ့အကြောင်းနဲ့
နိုင်ငံ့ကျန်းမာရေးအတွက် ကိုယ်တိုင်ရပ်တည်နိုင်ဖို့ အစီအစဉ်ကို လုပ်ဆောင်ထားပြီ ဖြစ်တဲ့အကြောင်း
ထုတ်ပြန်ခဲ့ပါတယ်။
.
အမေရိကန်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အထိ
တောင်အာဖရိကရဲ့ HIV တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် တစ်နှစ်ကို
ဒေါ်လာ သန်း ၄၀၀ လောက် ထောက်ပံ့ပေးနေခဲ့ပြီး လက်ရှိအချိန်မှာတော့
အဲဒီထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားဖို့ ရှိနေတာပါ။
.
တောင်အာဖရိကမှာ လက်ရှိကျင့်သုံးနေတဲ့ Black
Economic Empowerment မူဝါဒကိုလည်း ထရမ့်က ဆန့်ကျင်ခဲ့ပြီး
တောင်အာဖရိကနိုင်ငံတွင်းမှာ လူမည်းတွေနဲ့ စီးပွားရေးအရ ကန့်သတ်ခံခဲ့ရတဲ့
လူမျိုးစုတွေကို စီးပွားရေးလုပ်ငန်းတွေမှာ ဦးစားပေးတဲ့ မူဝါဒကို သဘောမကျ
ဖြစ်ခဲ့တာပါ။
.
ဒါ့အပြင် တောင်အာဖရိက က အစ္စရေးကို နိုင်ငံတကာ တရားမျှတမှု
ခုံရုံးမှာ တရားစွဲဆိုထားတာတွေ၊ အီရန်နဲ့ ဆက်ဆံရေး အခြေအနေတွေကို အိမ်ဖြူတော်က
သဘောမကျဖြစ်ခဲ့ပြီး တောင်အာဖရိကရဲ့ လုပ်ရပ်တွေကြောင့် နောက်ထပ်အကူအညီတွေ
ရနိုင်တော့မှာ မဟုတ်တဲ့အကြောင်း ပြောခဲ့တာပါ။
.
အမေရိကန်အစိုးရကနေ ထောက်ပံ့နေတဲ့ HIV ရန်ပုံငွေ သန်း ၄၀၀ က တောင်အာဖရိက HIV တိုက်ဖျက်ရေး အသုံးစရိတ်
စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံလောက် ပြန်လည်ကာမိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်
အောက်တိုဘာလ အထိ ယာယီအစီအစဉ်အနေနဲ့ ရရှိနေခဲ့သေးတာဖြစ်ပါတယ်။
.
တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနကတော့
အမေရိကန်ရဲ့အကူအညီဟာ HIV အစီအစဉ်အတွက် အရေးပါတဲ့နေရာမှာ
ရှိနေခဲ့ပေမဲ့လည်း ဆေးဝါးတွေ ဝယ်ယူထောက်ပံ့မှုတွေ အတွက်တော့ အစိုးရဖက်က
ငွေကြေးစိုက်ထုတ်နေတာဖြစ်တယ်လို့ ပြောထားတာပါ။
.
တောင်အာဖရိက ဖက်က အမေရိကန်နဲ့
ဆက်ဆံရေးပြန်ကောင်းလာဖို့ ကြိုးစားမှုတွေမှာလည်း မအောင်မြင် ဘဲ ဖြစ်ခဲ့ပြီး
တောင်အာဖရိက သမ္မတ ရာမာဖိုဆာနဲ့ ထရမ့်တို့ရဲ့ အိမ်ဖြူတော် တွေ့ဆုံပွဲမှာ ထရမ့်က
လူဖြူတွေ တောင်အာဖရိကမှာ ဖိနှိပ်ခံနေရတယ်ဆိုတဲ့အကြောင်းကို
တိုက်ရိုက်ပြောခဲ့ဖူးတာပါ။
.
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက တောင်အာဖရိက ကနေ
အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့တဲ့ G20 အစည်းအဝေးကိုလည်း
အမေရိကန်က သပိတ်မှောက်ခဲ့ပါသေးတယ်။
.
Source – BBC
.

No comments:
Post a Comment