.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို၊
ကံကြီးရပ်ကွက်၊ ရှမ်းကွင်းအနီး၌ အမျိုးသမီး တစ်ဦး ယမန်နေ့ ဇွန်လ ၂၂ ရက်၊
ညနေပိုင်းတွင် ဓားပြတိုက် လုယက်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း
ဖြစ်စဉ်အမှန် မှာ ဆိုင်ကယ် ခိုးယူ လုယက်ခံရမှုသာ ဖြစ်ကြောင်း သိရသည်။
.
.ကံကြီးရပ်ကွက်၊ နယ်မြေ (၃)၊ ရှမ်းကွင်းအနီးတွင် ယမန်နေ့
ဇွန်လ ၂၂ ရက်၊ ညနေ ၆ နာရီခွဲခန့်က ရပ်တန့် ထားသည့် ဆိုင်ကယ်တစ်စီးအား ခိုးယူသူက Master
Key ဖြင့် ခိုးယူစဉ် ပိုင်ရှင်နှင့် ပတ်ဝန်းကျင် ပြည်သူ များက တွေ့ရှိသည့်အတွက်
ဝိုင်းဝန်းဖမ်းဆီးခဲ့သော်လည်း ကုန်းအဆင်းဖြစ်သည့်အတွက် ခိုးယူသူမှာ ဆိုင်ကယ်နှင့်အတူ
လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ဆိုင်ကယ်ကတော့ ပါသွားတယ်။ သူ့ရဲ့ ဖုန်းနဲ့ လွယ်အိတ်တော့
ပြန်ရလိုက်တယ်။ ရဲတပ်ဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းအရ လိုက်လံရှာဖွေတာတွေ လုပ်နေ ပါတယ်”
ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ယမန်နေ့ ဇွန်လ ၂၂ ရက်၊ နံနက်အစောပိုင်း ၄ နာရီခန့်ကလည်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ထင်းရှူးမြိုင်အနီးတွင် ဆိုင်ကယ်လုယက်ခံရမှု
တစ်ခု ဖြစ်ပွားခဲ့သေးသည်။
.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ
မြို့နယ်ဒေသအသီးသီးတွင် ဆိုင်ကယ်နှင့် အခြား တန်ဖိုးရှိ ပစ္စည်းများ ခိုးယူမှု၊
လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဂရုပြုရန်လိုကြောင်း ဒေသခံများအကြား
သတိပေးမှုများ ရှိနေသည်။
.

No comments:
Post a Comment