.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်
.
ဘောလုံးလောက ကနေ အနားယူသွားပေမယ့် အငြင်းပွားစရာ
ခန့်မှန်းချက်တွေကို ဆက်လက် လုပ်ဆောင် နေဆဲဖြစ်တဲ့ တိုက်စစ်မှူးဟောင်း
အီဗရာဟီမိုဗစ် ကတော့ ဒီနှစ်ရဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို အမေရိကန် တောင်
ရသွားနိုင်တယ်ဆိုတဲ့အကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။
.
.လက်ရှိမှာ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်တဲ့ အမေရိကန်က
ဩစတြေးလျကို အနိုင်ယူပြီး အုပ်စုပွဲအားလုံး မကစားရသေးခင်မှာပဲ နောက်တစ်ဆင့်ကို
တက်သွားနိုင်ခဲ့တာပါ။
.
မိုဗစ်ကတော့ ပရိသတ်တွေအနေနဲ့ ယုံချင်မှ
ယုံကြမှာဖြစ်ပေမယ့် သူကတော့ အမေရိကန်အသင်း ကမ္ဘာ့ဖလားရသွားနိုင်တယ်ဆိုတာကို
စတင်ယုံကြည်နေပြီဖြစ်တဲ့အကြောင်း ပြောပြလိုက်တာပါ။
.
၂၀၂၆ ကမ္ဘာ့ဖလားမှာ Fox Sports ရုပ်သံရဲ့ တင်ဆက်သူတစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ မိုဗစ် က
အမေရိကန်ရဲ့ကစားပုံနဲ့ စွမ်းဆောင်ရည်တွေက လျော့တွက်လို့မရတဲ့အကြောင်းနဲ့
မထင်မှတ်ပဲ ကမ္ဘာ့ဖလားလည်း ရသွားနိုင်တဲ့အကြောင်း ပြောခဲ့တာပါ။
.
ပရိသတ်တွေကတော့ မိုဗစ်ရဲ့သုံးသပ်မှုအပေါ်
လှောင်ပြောင်နေကြပြီး အမေရိကန်လို အသင်းမျိုးက ကမ္ဘာ့ဖလားရသွားဖို့ဆိုတာ
မဖြစ်နိုင်တဲ့အကြောင်း တုံ့ပြန်တဲ့မှတ်ချက်တွေ ပေးနေကြတာပါ။
.
လက်ရှိမှာတော့ အုပ်စုပွဲ ၂ ပွဲကစားပြီး ၂
ပွဲလုံးနိုင်ထားတဲ့ အမေရိကန်က သူတို့ရဲ့နောက်ဆုံးပွဲအဖြစ် တူရကီအသင်းနဲ့
ကစားရမှာဖြစ်ပါတယ်။
.

No comments:
Post a Comment