ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်အတွင်း
ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ တောင်ကြီးမြို့နယ်မှာ အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွား
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
တောင်လေးလုံးကျေးရွာမှာ ရှိတဲ့ စက်သုံးဆီ အရောင်းဆိုင် ၂ ဆိုင်နဲ့ လမ်းဘေး တစ်နေရာ၊
စုစုပေါင်း ၃ နေရာမှာ မနေ့ကည ၁၁ နာရီခွဲအကျော်လောက်က အသံမိုင်း ပေါက်ကွဲမှုတွေ
ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
.
■ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့်
ဟောမုဇ်ရေလက်ကြားကို အီရန် ပြန်ပိတ်
.
အစ္စရေးရဲ့ လက်ဘနွန်အပေါ် ဆက်လက် တိုက်ခိုက်နေမှုတွေကြောင့်
ဟောမုဇ်ရေလက်ကြားကို ပြန် ပိတ်လိုက်ပြီဆိုတဲ့အကြောင်း အီရန်ဖက်က ကြေညာလိုက်ပါတယ်။ အမေရိကန်နဲ့
အီရန်တိုရဲ့ သဘော တူညီမှုတွေအရ အီရန်က ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပေမယ့်
သူတိုရဲ့မဟာမိတ် ဟစ်ဇ်ဘိုလာတွေအပေါ် ဆက်လက် တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့
လှုပ်ရှားမှုတွေကြောင့် လက်ရှိ အချိန်မှာတော့ ဟောမုဇ်က ပြန် ပိတ်သွားခဲ့ပြန်ပါပြီ။
.
■ ကန်အသင်း
ကမ္ဘာ့ဖလား ရသွားနိုင်တယ်လို ခန့်မှန်းလိုက်တဲ့ အီဗရာဟီမိုဗစ်
.
ဘောလုံးလောက ကနေ အနားယူသွားပေမယ့် အငြင်းပွားစရာ
ခန့်မှန်းချက်တွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တဲ့ တိုက်စစ်မှူးဟောင်း
အီဗရာဟီမိုဗစ် ကတော့ ဒီနှစ်ရဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို အမေရိကန်တောင်
ရသွားနိုင်တယ်ဆိုတဲ့အကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။
.
#KBZTai #Shan
#Broadcasting #News
.
Link
- https://shorturl.at/dDZ4R
No comments:
Post a Comment