အမေရိကန်ကို ဘေးမှာထားပြီး တိုက်ပွဲဖြစ်ကုန်ကြတဲ့ အီရန်နဲ့အစ္စရေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 8, 2026

အမေရိကန်ကို ဘေးမှာထားပြီး တိုက်ပွဲဖြစ်ကုန်ကြတဲ့ အီရန်နဲ့အစ္စရေး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

.

အမေရိကန်က အစ္စရေးကို လက်ဘနွန်အပေါ် တိုက်ခိုက်နေမှုတွေ ရပ်ဖို့ ကြိုးစားနေချိန်မှာပဲ ဟစ်ဇ်ဘိုလာ တွေကြောင့် ဆွေးနွေးမှုက ပျက်သွားခဲ့ပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေက ဆက်လက်ဖြစ်ပေါ်နေတာပါ။

.

.

အစ္စရေးဖက်က လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်လိုက်တဲ့နောက် အီရန်က ပါဝင်လာပြီး လက်ဘနွန်ဖက်ကနေ အစ္စရေးကို တိုက်နေတာပါ။

.

အီရန်ဖက်ကနေ အစ္စရေးဖက်ကို ဒုံးကျည်ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့နောက် အစ္စရေးကလည်း ပြန်လည် တိုက်ခိုက်နေပြီး တစ်ပတ်လုံး တိုက်ခိုက်ကြမယ့်အကြောင်း နှစ်ဖက်လုံးက အသိပေးထားပါတယ်။

.

အစ္စရေးကတော့ အီရန်နိုင်ငံအနောက်ပိုင်းနဲ့အလယ်ပိုင်းမှာ ရှိတဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို စတင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး အီရန်ကာကွယ်ရေးတပ်မတော်ဖြစ်တဲ့ IRCG ကလည်း အစ္စရေး မြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ IRGC ဖက်ကတော့ ဒီပစ်ခတ်မှုတွေဟာ တစ်ပတ်လုံး ပြုလုပ်မယ့် တိုက်ခိုက်မှုတွေရဲ့ အစဖြစ်တယ်လို့ ကြေညာထားပါတယ်။

.

အစ္စရေးနိုင်ငံဖက်ကို ဝင်ရောက်လာတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး အကာအကွယ်နေရာ တွေကနေ ထွက်နိုင်ပြီဆိုတဲ့အကြောင်း ပြည်သူတွေကို အစ္စရေးစစ်တပ်က အသိပေးထားပါတယ်။

.

အီရန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ ဒေါ်နယ်ထရမ့်အတွက်တော့ အီရန်-အစ္စရေး တိုက်ခိုက်မှုက မထင်မှတ်ထားတဲ့ ဖြစ်ရပ် ဖြစ်လာခဲ့ပြီး အီရန်ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့မပြန်ဖို့ နေတန်ယာဟု ကို တိုက်တွန်းခဲ့သလို အီရန်ဖက်ကိုလည်း “ဒီလောက်နဲ့တော်လောက်ပြီ” ဆိုတဲ့အကြောင်း ပြောကြားထားတယ် လို့ သိရပါတယ်။

.

သုံးသပ်သူတွေကတော့ အမေရိကန်ဟာ သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ အစ္စရေးကို ထိန်းချုပ်နိုင်စွမ်း အားနည်း လာပြီး အီရန်နဲ့စစ်ပွဲကိုလည်း ငြိမ်းချမ်းစွာနဲ့အဆုံးသတ်နိုင်ဖို့ မရှိတဲ့အကြောင်း ရေးသားနေကြပါတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages