ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 29, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)


ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -

.
ရှမ်းပြည်နယ်ရဲ့ မြို့နယ်အချို့မှာ ခိုးမှု၊ လုယက်မှုတွေ မြင့်တက်နေပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရရှိမှု နည်းပါးနေ
ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးအပါအဝင် ကျိုင်းတုံ၊ လားရှိးနဲ့ အခြား ရှမ်းပြည်နယ် မြို့တွေမှာ ဆိုင်ကယ် ခိုးယူမှုတွေ၊ နေအိမ် ဖောက်ထွင်းမှုတွေနဲ့ လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီး ရရှိမှု နည်းပါးတာကြောင့် ဒေသခံတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေကြပါတယ်။
.
အမေရိကန်နဲ့ အီရန်တိုက်ခိုက်မှု အသစ်တွေကြောင့် ရေနံဈေးတွေ ပြန်တက်လာ
အမေရိကန်နဲ့ အီရန်နိုင်ငံအကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ဟောမုဇ်ရေလက်ကြား သင်္ဘော သွားလာမှုတွေအပေါ် စိုးရိမ်မှုတွေ ပြန်လည် မြင့်တက်လာခဲ့ကြပြီး ရေနံဈေးတွေလည်း ပြန် ခုန်တက်လာကြပါတယ်။
.
ဂျပန်နဲ့ ဘရာဇီးတို့ရဲ့ပွဲ လက်မှတ်ဈေးတွေ အဆ ၂၀ လောက် မြင့်တက်သွား
ဒီနေ့ည ၁၁-၃၀ မှာ ကစားကြမယ့် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်ဖြစ်တဲ့ ဘရာဇီးအသင်းနဲ့ ဂျပန်အသင်းတိုရဲ့ပွဲစဉ်မတိုင်မီ မှောင်ခိုလက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေကြပြီး လက်မှတ်တစ်စောင်ကို မြန်မာငွေ သိန်း ၇၀၀ ကျော်လောက်အထိ ဈေးပေါက်သွားတယ်လို သိရပါတယ်။

No comments:

Post a Comment

Pages