.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာတွင်
ယမန်နေ့ ဇွန်လ ၂၈ ရက်၊ ညနေပိုင်းက ဆိုင်ကယ်ခိုးယူသူ ၃ ဦးကို သက်သေခံဆိုင်ကယ်နှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.ကလောမြို့နယ်၊ အင်းပြင်ကျေးရွာနေ အမျိုးသားတစ်ဦးသည်
ယမန်နေ့ ဇွန်လ ၂၈ ရက်၊ ညနေ ၆ နာရီခန့်က ၎င်းနေအိမ် အောက်ထပ်တွင် ရပ်ထားသည့် TVS.APACHE-180 အမျိုးအစား မော်တော်ဆိုင်ကယ် ခိုးယူခံရပြီး ကလောမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဆိုင်ကယ်ခိုးယူခံရမှုနှင့် ပတ်သက်၍ ကလောမြို့မရဲစခန်းမှ
ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဖော်ထုတ်ရှာဖွေခဲ့ရာ ခိုးယူသူ
စိုးပိုင် (ခ) အလီ၊ ဆက်နိုင်ဝင်း နှင့် ဟိန်းဇော်ထွန်း တို့ ၃ ဦးအား သက်သေခံ ဆိုင်ကယ်နှင့်အတူ
ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment