ဟေတီ ကို ဂိုးပြတ် အနိုင်ယူပြီး အုပ်စု C ကို ဦးဆောင်သွားတဲ့ ဘရာဇီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

ဟေတီ ကို ဂိုးပြတ် အနိုင်ယူပြီး အုပ်စု C ကို ဦးဆောင်သွားတဲ့ ဘရာဇီး


၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.
ဒီနေ့ မနက်ပိုင်းမှာ ကစားခဲ့တဲ့ ဘရာဇီးအသင်းနဲ့ ဟေတီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘရာဇီး တိုက်စစ်က ကွန်ညာရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ၃-၀ ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရသွားပြီး အုပ်စု ပထမနေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
.
ဘရာဇီးရဲ့ တိုက်စစ်မှာ ကွန်ညာ၊ ဗီနီးရှပ်၊ ရာဖင်ညာနဲ့ ပါကေးတား တို့ ပွဲထွက်ခဲ့ကြပြီး ကွင်းလယ်မှာတော့ ကာဆီမီရိုနဲ့ ဂွီမာရေ့စ် တို့အတွဲကိုပဲ အန်ဆယ်လော့တီက ပွဲထုတ်ခဲ့တာပါ။ ဟေတီ ကတော့ စကော့တလန်နဲ့  ပွဲမှာ ကစားခဲ့တဲ့ လူစာရင်းကိုပဲ အသုံးပြုခဲ့ပြီး ဘယ်လီဂတ်ရဲ့ တိုက်စစ်ဦးဆောင်မှုကို အားပြုခဲ့တာပါ။
.
ဒါပေမဲ့ တကယ်တမ်း ကစားချိန်မှာတော့ အမှတ် လိုနေတဲ့ ဘရာဇီးက ဟေတီကို တစ်ဖက်သတ် ဖိကစားသွားပြီး ပထမပိုင်း တစ်ပိုင်းလုံးမှာ ဟေတီတို့ ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှတောင် မရခဲ့ရှာပါဘူး။ ပွဲချိန် ၂၃ မိနစ်မှာတော့ ကွန်ညာ က ဟေတီ ဂိုးဧရိယာထဲမှာ ဘယ်ခြေနဲ့ ကန်သွင််းပြီး ဘရာဇီးအတွက် အဖွင့်ဂိုးကို ရယူပေးသွားခဲ့တာပါ။
.
အဲဒီနောက် ပွဲချိန် ၃၈ မိနစ်မှာလည်း ကွန်ညာ ကပဲ ဘယ်ခြေကန်ချက်နဲ့ ဘရာဇီးအတွက် ဒုတိယမြောက် ဂိုးကို ထပ်သွင်းပေးခဲ့တာပါ။ ပွဲချိန် မိနစ် ၄၀ မှာတော့ တိုက်စစ်က ရာဖင်ညာ နာသွားခဲ့လို့ ရာယန်နဲ့ လူစား လဲခဲ့ရပါတယ်။ ပထမပိုင်းကို ၂-၀ နဲ့ပြီးပြီလို့ ထင်ခဲ့ကြပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဗီနီးရှပ်စ်က သူ့ရဲ့ ပုံစံအတိုင်း ကန်သွင်းပြီး ဘရာဇီးအတွက် တတိယမြောက် ဦးဆောင်ဂိုးကို ထပ်သွင်းပေးခဲ့တာပါ။
.
ပွဲချိန် ဒုတိယပိုင်းမှာတော့ ဟေတီက တိုက်စစ်ဖွင့် ကစားလာခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ပြန်ရလာခဲ့တာပါ။ ဘရာဇီးဖက်ကတော့ ဒုတိယပိုင်းမှာ တိုက်စစ်ပိုင်း အပြောင်းအလဲတွေ လုပ်ခဲ့ပြီး ကွန်ညာနေရာမှာ အန်းဒရစ်၊ ပါကေးတား နေရာမှာ မာတီနယ်လီ တို့ကို ထည့်ပြီး ကစားခဲ့တာပါ။
.
ပွဲချိန် ၆၆ မိနစ်မှာ ဟေတီ ဖက်က ပရိုဗီးဒန့်စ် ရဲ့ ညာခြေနဲ့ ကန်သွင်းမှု လွဲချော်သွားခဲ့လို့ ဟေတီ ချေပဂိုး ရမယ့် အခွင့်အရေး ဆုံးရှုံးသွားခဲ့ရပါတယ်။ ဘရာဇီးက ရာဖင်ညာ နာသွားတဲ့အပြင် လူအပြောင်းအလဲတွေလည်း လုပ်ပစ်လိုက်တာမို့ ၆၅ မိနစ်နောက်ပိုင်းမှာ ကစားပုံက လျော့တိလျော့ရဲ ဖြစ်သွားခဲ့ပြီး ဟေတီ ကတောင် အခွင့်အရေး တချို့ ပြန်ရနေတာ တွေ့ခဲ့ရတာပါ။
.
ပွဲချိန် မိနစ် ၈၀ မှာ ဗီနီးရှပ်စ်နဲ့ ဂွီမာရေ့စ် တို့ကို လူစား လဲလိုက်ချိန်မှာတော့ ဘရာဇီး တိုက်စစ်က လုံးဝကို ကျသွားခဲ့ပြီး ဂိုးလည်း ထပ် မသွင်းနိုင်တော့လို့ ပထမပိုင်းမှာ သွင်းထားတဲ့ ၃-၀ ဆိုတဲ့ ရလာဒ်နဲ့ပဲ ပွဲ ပြီးသွားခဲ့တာ ဖြစ်ပါတယ်။

.
#KBZTai #Shan #WC2026 #Brazil #Football #Sports

No comments:

Post a Comment

Pages