.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်
.
ဆီနီဂေါရဲ့ အဖြစ်ကတော့ တော်တော်လေး ဆိုးတယ်လို့ ပြောရမှာပါ။
မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံ အသင်းနဲ့ပွဲမှာ ပွဲချိန် ၈၅ မိနစ်အထိ ၀-၂ နဲ့
ဦးဆောင်နိုင်ခဲ့တာတောင်မှ အဲဒီနောက်ပိုင်း ချေပဂိုးတွေ ပေးလိုက်ရပြီး အချိန်ပိုမှာ
ရှုံးသွားခဲ့တယ်။
.
.လူကာကူ ကို အရန်ထားပြီး ဒီဘရိုင်း၊ ဒိုကု၊
ထရော့ဆတ်တို့နဲ့ ပွဲထွက်ခဲ့တဲ့ ဘယ်လ်ဂျီယံက မာနေး ဦးဆောင် တဲ့ ဆီနီဂေါကို အသာရဖို့
ခက်ခဲ့ပြီး ပွဲချိန်ပထမပိုင်း ၂၅ မိနစ်မှာပဲ ဒီယာရာရဲ့ဂိုးနဲ့ ဆီနီဂေါတို့
ဦးဆောင်နိုင်ခဲ့ တာပါ။
.
ဂိုးပေးလိုက်ရပြီးတဲ့နောက် ဘယ်လ်ဂျီယံတို့
ချေပဂိုးရဖို့ ပြန်ကြိုးစားခဲ့ပေမဲ့လည်း ပွဲချိန် ၄၅ မိနစ်မှာ ဒီဆိုက်ဖာ ရဲ့
အခွင့်အရေး တစ်ကြိမ်ရခဲ့တာ ကလွဲရင် ဂိုးကန်သွင်းခွင့် မယ်မယ်ရရ မရှိဘဲ ပထမပိုင်း ပြီးသွားခဲ့တာပါ။
.
ဒုတိယပိုင်း ပွဲချိန်အစမှာတော့ ကီတီလာရေးရဲ့ နေရာမှာ
လူကာကူ ဝင်လာခဲ့ပြီး ဘယ်လ်ဂျီယံတို့ တိုက်စစ် မြှင့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း
ဂိုးရသွားတာကတော့ ဆီနီဂေါပဲဖြစ်ပြီး အစ်စမိုင်လာ ဆားရဲ့ ညာခြေကန်ချက်
ဂိုးဝင်သွားလို့ ဆီနီဂေါတို့ ၀-၂ နဲ့ဦးဆောင်နိုင်ခဲ့တာပါ။
.
ပွဲချိန် ၅၆ မိနစ်မှာ ဒီဘရိုင်းနဲ့ ဒိုကု တို့
နှစ်ယောက်လုံး လူစားလဲခံလိုက်ရလို့ ဘယ်လ်ဂျီယံတိုက်စစ်က မျှော်လင့်ချက်မဲ့သလို
ဖြစ်သွားခဲ့ရပေမဲ့ ဒိုကုနေရာမှာ ဝင်ကစားတဲ့ လူကီဘာကီယိုက တောင်ပံမှာ တစ်ချိန်လုံး ပြေးနေတာမို့
ဘယ်လ်ဂျီယံတို့ အခွင့်အရေးတွေ ပြန်ရလာခဲ့တာပါ။
.
ဒါပေမဲ့လည်း ပွဲချိန် ၈၅ မိနစ်အထိ
ဘယ်လ်ဂျီယံချေပဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဒီပွဲမှာ ဆီနီဂေါနိုင်ပြီလို့
တွက်ခဲ့ကြပေမယ့် ပွဲချိန် ၈၆ မိနစ်မှာ လူကာကူ ရဲ့ချေပဂိုး၊ ပွဲချိန် ၈၉ မိနစ်မှာ
တိုင်လီမန်းရဲ့ ခေါင်းတိုက်ဂိုး တွေကို ခွင့်ပြုလိုက်ရတာကြောင့် ၃ မိနစ်အတွင်း
ချေပဂိုး ၂ ဂိုး ပေးလိုက်ရပြီး အချိန်ပိုဆက်ကစားဖို့ ဖြစ်သွားခဲ့ပါတယ်။
.
အချိန်ပိုမှာလည်း ဆီနီဂေါကပဲ
အခွင့်အရေးတွေပိုရခဲ့ပြီး ဒီယာရီရဲ့ကန်ချက်တွေကို ဂိုးသမားကော့တွိုက်စ်
ကာကွယ်နိုင်ခဲ့တာပါ။ အချိန်ပို ၃၀ မိနစ်ပြည့်သွားလို့
နာကျင်အချိန်ပိုအရောက်မှာတော့ တိုင်လီမန်းကို ကာမာရာတစ်ယောက် အနောက်ကနေ
ဖျက်ခဲ့လို့ ပင်နယ်တီပေးလိုက်ရပြီး အဲဒီပင်နယ်တီကို တိုင်လီမန်းကပဲ ကန်သွင်းပြီး
ဘယ်လ်ဂျီယံအတွက် ၁၆ သင်းအဆင့်ကို ပို့ဆောင်ပေးလိုက်တာပါ။
.
ဆီနီဂေါအတွက်တော့ တော်တော်လေး
ရင်နာဖို့ကောင်းတဲ့ပွဲလို့ ပြောရမှာဖြစ်ပြီး မိနစ် ၉၀ အတွင်းမှာလည်း ပွဲပြီးခါနီး ချေပဂိုးတွေနဲ့
နစ်နာခဲ့ရသလို အချိန်ပိုမှာလည်း နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ အသည်းကွဲခဲ့ရတယ် ဆိုတော့
ကြေကွဲစရာဖြစ်သွားခဲ့ရတာပေါ့။
.

No comments:
Post a Comment