.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်
.
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်လူပ်ငန်းမျာတွင် ဆက်စပ်ပါဝင်ခဲ့သည့် ဗီယက်နမ် နိုင်ငံသား ၁၀
ဦးကို ဇွန်လ ၃၀ ရက်က မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား
မှတစ်ဆ့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
.ထိုင်းနိုင်ငံအပါအဝင်
အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်း
များမှတရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင်
တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ
ကျူးလွန်ခဲ့သည့် ဗီယက်နမ်နိုင်ငံသား ၁၀ ဦးအား မြန်မာ-ထိုင်း
အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသို့
လူသားချင်းစာနာထောက်ထားမှုနှင့်
နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍
ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ
စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့်
တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေး
နှင့်ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
.
ထိုသို့ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး
ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊
ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Mr.
Nguyen Xuan Loc နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး
မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့
ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ
လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ခုနှစ်၊
ဇွန်လ ၃၀ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်
ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၃၀ ဦး
ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး
၎င်းတို့အနက်မှ ၁၃၅၆၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်
သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး
လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့်
ပြည်ပနိုင်ငံသား ၁၁၆၇ ဦးတွင် မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဋ္ဌာန်းချက်များ
အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ
ဥပဒေအရအပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက်
ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၅၀၅ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့
လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ
ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။
.

No comments:
Post a Comment