.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၅ ရက်
.
■ ဘရာဇီး - နော်ဝေ (နံနက် ၂-၃၀)
.
ဘရာဇီးကွင်းလယ်မှာ ရာဖင်ညာအပြင် ပါကေးတား ပါ
ထပ်နာသွားလို့ ဘရာဇီးရဲ့ကွင်းလယ်တိုက်စစ်က အားနည်းနေပါပြီ။ လူစာရင်းမှာ နေမာ
ပြန်ကောင်းလာပြီဆိုပေမဲ့ ပြီးခဲ့တဲ့ပွဲမှာလည်း လုံးဝ ဝင်ကစားခွင့် မရခဲ့သလို
ဒီပွဲမှာလည်း စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်နေတာပါ။
.
ဘရာဇီးတိုက်စစ်မှာ ကွန်ညာ ဦးဆောင်လာမှာဖြစ်ပြီး
ကွင်းလယ်တိုက်စစ်နေရာ တွေမှာတော့ ဗီနီးရှပ်စ်၊ မာတီနယ်လီ၊ ရာယန် တို့ ကစားကြဖို့ရှိနေပါတယ်။
တကယ်လို့ နေမာ ပါလာခဲ့ရင်တော့ မာတီနယ်လီ က အရန်ခုံရောက်သွားဖို့များတယ်။
ကွင်းလယ်မှာတော့ ကက်ဆီမီရိုနဲ့ ဂွီမာရေ့စ်တို့ ကစားကြဖို့ရှိပြီး ခံစစ်မှာ
ဂါဘရီယယ်နဲ့ မာကွင်ညို အတွဲပဲ အထိုင်ကစားကြမှာပါ။
.
နော်ဝေမှာတော့
သူတို့ရဲ့အကောင်းဆုံးလူစာရင်းဖြစ်တဲ့ ဟာလန်း၊ ဆော်လော့၊နူဆာ တိုက်စစ်နဲ့ ဘက်ခ်ျ၊
အိုဒီဂတ် တို့ရဲ့ ကွင်းလယ်ကို အားပြုပြီး ဆော့မှာပါ။
.
နော်ဝေက ဒီနှစ်ကမ္ဘာ့ဖလားမှာ
ရလာဒ်တွေမဆိုးဘူးဆိုပေမဲ့ သူတို့ရဲ့တောင်ပံတိုက်စစ်နဲ့ ခံစစ်အစွန်နေရာ တွေက
တော်တော်လေး ညံ့ပါတယ်။ အသင်းက ဟာလန်းနဲ့ အိုဒီဂတ်ကို အားကိုးနေရသလို ဖြစ်နေပြီး
သူတို့နှစ်ယောက်ကို ထိန်းချုပ်လိုက်နိုင်ရင် ဘာမှ လုပ်မရတဲ့ အနေအထားအထိ
ရောက်သွားနိုင်တာပါ။
.
တစ်ဖက်မှာလည်း ဟာလန်းက သူ့ရဲ့ပရီးမီးယားလိဂ် ရန်သူတော်ကြီးဖြစ်တဲ့
ဂါဘရီယယ်နဲ့ ရင်ဆိုင်ရမှာမို့ သူ့အထာကို သိနေတဲ့ ဂါဘရီယယ်ကို
ကျော်နိုင်ပါ့မလားဆိုတာလည်း မေးခွန်းထုတ်စရာပါ။
.
ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ဘရာဇီးက
နော်ဝေကို ၄ ကြိမ်တွေ့၊ ၄ ကြိမ်လုံး မနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေ အရတော့
အန်ဆယ်လော့တီရဲ့ ဘရာဇီးက အများကြီး တိုးတက်လာပြီး နော်ဝေရဲ့ အားနည်းတဲ့
ခံစစ်အစွန်နေရာတွေနဲ့ ဘရာဇီးရဲ့ အားသာတဲ့ တောင်ပံတွေ ထိပ်တိုက်ရင်ဆိုင်ဖို့
ဖြစ်လာတာမို့ ဒီပွဲမှာ ဘရာဇီး ကျိန်းသေပေါက် အသာရနေမှာပါ။
.
ဘရာဇီး သေချာပေါက်
နောက်တစ်ဆင့်တက်မယ့်ပွဲမျိုးပါ။
.
■ မက္ကဆီကို - အင်္ဂလန် (နံနက် ၆-၃၀)
…………………………………….
မက္ကဆီကိုက ကမ္ဘာ့ဖလားမှာ တော်တော်ကောင်းတဲ့ ခြေစွမ်းမျိုး
ပြနေတာပါ။ အုပ်စုပွဲကတည်းက အခုအထိ ခံစစ်ကနေ တစ်ဂိုးမှ မပေးရသေးဘဲ
ပွဲတိုင်းနိုင်ထားတာပါ။
.
မက္ကဆီကိုခံစစ်မှာ နာမည်ရှိတဲ့သူဆိုလို့
ဂျီနိုအာ ခံစစ်က ဗက်ကွက်ဇ် တစ်ယောက်ပဲရှိပြီး ကျန်တဲ့ ကစားသမား တွေက
သိပ်ပြီးမထင်မရှားတွေပါ။ ဒါပေမဲ့ အုပ်စုအဆင့်မှာရော ပြီးခဲ့တဲ့ အီကွေဒေါနဲ့ ပွဲမှာရော
မက္ကဆီကို ခံစစ်က ကစားပုံ တော်တော်ကောင်းခဲ့တယ်။ တိုက်စစ်မှာလည်း ဂျီမီနက်ဇ် တစ်ယောက်တည်း
ရုန်းရလိမ့်မယ် ထင်ခဲ့ကြပေမဲ့ တကယ်တမ်းကျတော့ ဘယ်ညာတောင်ပံတွေ ဖြစ်တဲ့
ကွီနိုနက်စ်နဲ့ အယ်လ်ဗာရို တို့က ကောင်းနေပြန်ရော။
.
အင်္ဂလန်ကတော့ အုပ်စုအဖွဲ့ပွဲစဉ် ပြီးတဲ့နောက်
ဂိုးရဖို့ တော်တော်ရုန်းနေရတယ်လို့ ထင်မိတယ်။ ပနားမားနဲ့ ပွဲကိုလည်း
ဒုတိယပိုင်းမှာမှ ဂိုးသွင်းနိုင်တယ်။ ဂါနာနဲ့ပွဲမှာ တစ်ဂိုးမှ မရခဲ့ဘူး။
ကွန်ဂိုကိုတောင် နိုင်ဖို့ အသည်း အသန်ကစားနေရတယ်။ ဒီလိုအခြေအနေနဲ့ မက္ကဆီကို ကို
လွယ်ပါ့မလားလို့လည်း စဉ်းစားစရာရှိတယ်။
.
အင်္ဂလန်အသင်းကတော့ ဒီပွဲအတွက်
သူတို့ရဲ့လူစာရင်းကို ပြောင်းမှာမဟုတ်ဘူး။ တိုက်စစ်မှာ ဟယ်ရီကိန်း၊ ဂေါ်ဒွန်၊ ဆာကာ
တို့ကို ထားမှာဖြစ်ပြီး ကွင်းလယ်မှာ ဘယ်လင်ဂမ်၊ ရိုက်စ်နဲ့ အန်ဒါဆင် ကို ထားမှာပါ။
ခံစစ်မှာတော့ အိုရိုင်လီ၊ ဂွီဟီ၊ ကွန်ဆာနဲ့ စပန့်စ် တို့ကစားကြဖို့ရှိပါတယ်။
.
လက်ရှိကစားပုံအရ မက္ကဆီကိုမှာ
အားသာချက်တွေရှိနေတယ် ဆိုပေမဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ အင်္ဂလန်နဲ့ တွေ့တိုင်း
မက္ကဆီကိုတို့ ဂိုးပြတ်တွေချည်း ရှုံးခဲ့တာပါ။ ဒီပွဲမှာတော့ မက္ကဆီကိုက အသင်းလိုက်
ကစားပုံလည်း ကောင်းနေ၊ အိမ်ရှင်လည်းဖြစ်နေတာမို့ အင်္ဂလန်တို့ မိနစ် ၉၀ အတွင်းတော့
အနိုင်ရဖို့ ခက်မယ်လို့ ထင်မိပါတယ်။
.
ခံစစ်မာတဲ့အသင်းတွေရဲ့ပွဲမို့ နှစ်သင်းပေါင်း သွင်းဂိုးကလည်း
နည်းနိုင်ပါတယ်။
.

No comments:
Post a Comment