တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံတွင် ဆိုင်ကယ်မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, July 5, 2026

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံတွင် ဆိုင်ကယ်မီးလောင်မှုဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားလမ်းဆုံတွင် ယမန်နေ့ ဇူလိုင်လ ၄ ရက်၊ ညနေပိုင်းက မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“ကျွန်တော်တို့ ကားနဲ့ဖြတ်သွားတဲ့အချိန် လမ်းလယ်မှာ လောင်နေတာ တွေ့တာပါ။ အနီးအနားက လူတွေတော့ ဝိုင်းပြီး ငြှိမ်းပေးနေကြပါတယ်” ဟု ဖြစ်စဉ်အား တွေ့ရှိခဲ့သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

“ကျွန်တော်တို့တော့ သတင်းမရပါဘူး။ မီးသတ်ကားလည်း မထွက်ရပါဘူး” ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

ထို့အတူ အဆိုပါ မီးလောင်မှုကို ရဲစခန်းတွင်လည်း အမှုဖွင့်လှစ် တိုင်ကြားထားခြင်းမရှိကြောင်း သိရသည်။

.

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ကယ် ရှေ့ခြမ်း ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages