.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်
.
စက်သုံးဆီ
တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ယနေ့ ဇူလိုင်လ ၃ ရက်
ထုတ်ပြန်သည့် သတ်မှတ်ဈေးနှုန်းများအရ စက်သုံးဆီအမျိုးအစား အားလုံး ဈေးအနည်းငယ်စီ ထပ်မံကျဆင်း
လာကြောင်း သိရသည်။
.
.တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးကွက်၌
အောက်တိန်း 92 တစ်လီတာလျှင် ၃၇၇၀ ကျပ်မှ ၃၅၀၅ ကျပ်၊ 95 တစ်လီတာလျှင် ၃၈၅၀ ကျပ်မှ
၃၅၅၅ ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၃၆၈၀ ကျပ်မှ ၃၂၂၅ ကျပ်၊ ပရီမီယံဒီဇယ်
တစ်လီတာလျှင် ၄၃၄၅ ကျပ်မှ ၃၉၄၅ ကျပ်သို့ အသီးသီး ကျဆင်းလာခြင်းဖြစ်သည်။
.
ယင်းကဲ့သို့ စက်သုံးဆီဈေးများ ဆက်တိုက် ကျဆင်းနေသော်လည်း
ပြင်ပ မှောင်ခို ဈေးကွက်မှာမူ ဆက်လက် ရှိနေဆဲ ဖြစ်ကာ နေရာဒေသအပေါ် မူတည်၍
စက်သုံးဆီဈေးနှုန်း မှာ တစ်လီတာလျှင် ၇၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ် ဝန်းကျင်ထိ ရှိနေဆဲ
ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment