ပေါ်တူဂီထက် ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပေမဲ့ ကံဆိုးခဲ့ရတဲ့ ခရိုအေးရှား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

ပေါ်တူဂီထက် ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပေမဲ့ ကံဆိုးခဲ့ရတဲ့ ခရိုအေးရှား

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်

.

ဒီနေ့မနက်ပိုင်းကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ပွဲမှာတော့ ပေါ်တူဂီတို့ ၂-၁ နဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။

.

.

ဒါပေမဲ့လည်း ပွဲချိန်တစ်လျှောက်လုံး ခရိုအေးရှားက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့်တွေကို ပေါ်တူဂီထက်အများကြီး ပိုရခဲ့တဲ့အပြင် ဒိုင်ကြောင့် ပြုတ်သွားခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။

.

ခရိုအေးရှားအသင်း ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ ဗီဂါကို ဆွဲလှဲခဲ့တယ်ဆိုပြီး ပင်နယ်တီပေးခဲ့သလို ခရိုအေးရှားရဲ့ နောက်ဆုံးမိနစ် ချေပဂိုးကိုလည်း VAR အဆုံးအဖြတ်နဲ့ ပယ်ဖျက်ခဲ့တာကြောင့်ပါ။

.

ဘရူနို၊ ရော်နယ်ဒို၊ နီတို၊ဗီတင်ဟာ၊ ရာဖေးလီယိုတို့နဲ့ လူစုံထုတ်ခဲ့ပေမဲ့ ပေါ်တူဂီက ဘောလုံးပိုင်ဆိုင်မှု သာတာလေးပဲရှိပြီး တစ်ပွဲလုံး ဘာမှကို လုပ်မရခဲ့တာပါ။ ဘောလုံးရတာနဲ့ ကွင်းလယ်ကိုပေး၊ ကွင်းလယ်က နောက်တန်းကိုပေး၊ အရှေ့ကိုကန်တင်၊ ဘောလုံးပျက် အဲဒီသံသရာကို တစ်ပွဲလုံး လုပ်နေခဲ့ပြီး ခံစစ်ကလည်း ခရိုအေးရှားတိုက်စစ်ဆင်လာတာနဲ့ တန်းပြီး ပြိုုကျနေတဲ့အခြေအနေဖြစ်ခဲ့တာပါ။

.

ပွဲချိန် ၅၃ မိနစ်မှာ ခရိုအေးရှားအတွက် ပါရီဆစ်က ဦးဆောင်ဂိုးသွင်းသွားခဲ့လို့ ပေါ်တူဂီတို့ ပိုပြာယာခတ် သွားပြီး ဘာလုပ်ရမှန်းမသိတွေဖြစ်ကုန်ကြတာပါ။ ပွဲချိန် ၆၁ မိနစ်မှာတော့ ရော်နယ်ဒိုရဲ့ဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့လို့ ပေါ်တူဂီအသင်း နစ်နာခဲ့ရပါတယ်။

.

၆၂ မိနစ်မှာတော့ နည်းပြမာတီနက်ဇ်က ၄ ယောက်တစ်ပြိုင်တည်း လူစားလဲခဲ့ပြီး ကန်ဆယ်လို၊ ဗီတင်ဟာ၊ နီတိုနဲ့ဘရူနို တို့ကိုအတွဲလိုက်ကြီး လူစားလဲပစ်ခဲ့တာပါ။ ပွဲချိန် ၆၇ မိနစ်မှာတော့ ဗီဂါ ကို ဂိုးဧရိယာထဲမှာ ဆွဲလှဲခဲ့တယ်ဆိုတဲ့ VAR ဆုံးဖြတ်ချက်နဲ့ပေါ်တူဂီတို့ ပင်နယ်တီရသွားခဲ့ပြီး အဲဒီပင်နယ်တီကို ရော်နယ်ဒိုက ကန်သွင်းခဲ့တာပါ။

.

အဲဒီနောက်မှာလည်း ပေါ်တူဂီက ဂိုးထပ်ရဖို့ပြာယာခတ်နေခဲ့ပေမဲ့ ဂိုးရဖို့အခွင့်အလမ်းတွေမှာတော့ ခရိုအေးရှားက သာနေခဲ့တာပါ။ ကိုဗာဆစ်ရော၊ ပါရီဆစ် ပါ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ကို ပြခဲ့ပြီး မိနစ် ၉၀ လုံးအစွမ်းကုန် ရုန်းကစားခဲ့ကြတာပါ။

.

ကိုဗာဆစ်ရဲ့ကန်ချက်တွေ တိုင်ထိခဲ့တာ၊ ပါဆာလစ် ရဲ့အပိုင်ခေါင်းတိုက်ချက် လွဲသွားတာတွေက ခရိုအေးရှားကို ကံဆိုးစေခဲ့ပြီး အဲဒါတွေကပဲ ဒီပွဲရဲ့အဆုံးအဖြတ် ဖြစ်သွားခဲ့တယ်လို့ ပြောရမှာပါ။

.

ပွဲချိန် ၈၁ မိနစ်မှာတော့ ရော်နယ်ဒို ကိုပါ ရူဘင်နီဗက်စ်နဲ့ လူစားလဲခဲ့ရပြီး ရာမို့စ်တစ်ယောက်တည်းကို တိုက်စစ်မှာ အထောင်ထားပြီး ပေါ်တူဂီကစားခဲ့တာပါ။ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ရာဖေးလီယို ပို့ပေးလိုက်တဲ့ဘောလုံးကို ရာမို့စ်က နောက်ခံလူ ၂ ယောက်ကြားကနေ ခေါင်းတိုက်ပြီး ပေါ်တူဂီအတွက် အနိုင်ဂိုးကို သွင်းပေးသွားခဲ့တာြဖစ်ပါတယ်။

.

ရာဖေးလီယိုကတော့ ဘယ်ခြမ်းမှာ တစ်ချိန်လုံးပြေးလွှားနေခဲ့ပေမယ့် ခရိုအေးရှားနောက်ခံလူတွေကို တစ်ယောက်ချင်းကျော်နိုင်ခဲ့တယ်လို့မရှိခဲ့ဘဲ ဂိုးရသွားတဲ့ဖြတ်တင်ဘော တစ်လုံးကလွဲလို့ အားရစရာ ကစားပုံမျိုးမရှိခဲ့ပါဘူး။ ညာခြမ်းကလည်း ကွန်ဆီကာအို ဝင်လာကတည်းက ဘာမှလုပ်လို့မရတော့ဘဲ ပေါ်တူဂီကတိုက်စစ်လိုလို ခံစစ်လိုလိုကြားမှာ လမ်းပျောက်နေခဲ့တာပါ။

.

နာကျင်အချိန်ပို ၁၆ မိနစ်မှာတော့ ခရိုအေးရှားတို့ ချေပဂိုးရမလိုဖြစ်ခဲ့ပြီး ညာခြမ်းက ပို့ပေးလိုက်တဲ့ ဘောလုံးကို ဗာဒီယို ပိတ်သွင်းခဲ့ပေမဲ့ ကွင်းလယ်ဒိုင်ကတော့ VAR ပြန်ကြည့််ပြီး ပယ်ဖျက်ခဲ့ပါတယ်။

.

ဒီပွဲမှာ ပေါ်တူဂီအတွက် အကောင်းဆုံး ကစားပေးခဲ့သူကတော့ ကွင်းလယ်ဒိုင်ပဲဖြစ်ပြီး ဒိုင်လူကြီးသာ တခြားတစ်ယောက်ဖြစ်နေမယ်ဆို ပေါ်တူဂီတို့ ဒီအဆင့်မှာတင် ပြုတ်နေပါပြီ။

.

No comments:

Post a Comment

Pages