.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းမပေါ်တွင်
ယမန်နေ့ ဇွန်လ ၃၀ ရက်၊ ညပိုင်းက လမ်းဖြတ်ကူးလာသူ ၂ ဦးကို ကားတစ်စီးက ဝင်ရောက်တိုက်မိပြီး
တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ ခွန်မောင်ရွှေ
(ခ) ရွှေလေး မောင်းနှင်လာသည့် HONDA EDIX အမျိုးအစား အနက်ရောင်
မော်တော်ယာဉ်သည် ယမန်နေ့ ဇွန်လ ၃၀ ရက်၊ ည ၈ နာရီခွဲခန့်က တောင်မှ မြောက်သို့ မောင်းနှင်လာစဉ်
ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ M2 လေပြေ အထည်ဆိုင်ရှေ့တွင် လမ်းဖြတ်ကူးနေသူ
ဦးဒီလ်ဗဟာဒူး (ခ) ကျော်ကျော်နှင့် အမျိုးသမီးတစ်ဦးအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးဒီလ်ဗဟာဒူး တွင် ခေါင်းသွေးထွက်ဒဏ်ရာ၊
ဝဲ/ယာ နားသွေးထွက် ဒဏ်ရာ၊ ပါးစပ် သွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ကာ အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ ယာဉ်အား
မဆင်မခြင် မောင်းနှင်ပြီး အခြားသူအားသေဆုံး စေသူ ယာဉ်မောင်း ခွန်မောင်ရွှေ( ခ)
ရွှေလေး အား ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် တောင်ကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့်
အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment