သီပေါဟော်နန်းကို သီပေါဟော်ဗုဒ္ဓကောလိပ် အဖြစ် ဆိုင်းဘုတ်တင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, July 1, 2026

သီပေါဟော်နန်းကို သီပေါဟော်ဗုဒ္ဓကောလိပ် အဖြစ် ဆိုင်းဘုတ်တင်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သမိုင်းဝင် သီပေါဟော်နန်းကို သီပေါဟော်ဗုဒ္ဓကောလိပ် အဖြစ် ဆိုင်းဘုတ်တင်ခြင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။



ယင်း ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို သီပေါမြို့နယ်အတွင်းရှိ ကျောင်းတိုက် အသီးသီးမှ သံဃာတော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ဆိုင်းဘုတ်ကို ဘော်ကြိုဆရာတော်၊ နမ့်လန်ဆရာတော်၊ တောင်တန်းသာသနာပြု ဆရာတော် စဝ်ဆူခမ်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။




သီပေါဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်၏ လက်ထက်၌ ကျမိုင်း စဝ်အုံကြာ က အနောက်တိုင်း ဗိသုကာပုံစံအတိုင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံး နေထိုင်ခဲ့သူများမှာ စော်ဘွားကြီး စဝ်ကြာဆိုင်နှင့် မဟာဒေဝီ စဝ်သုစန္ဒီ တို့ ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများ အရ သိရသည်။

.

“ သီပေါဟော်နန်းကို စော်ဘွားကြီး စဝ်ကြာဆိုင်ရဲ့ တူအရင်း စဝ်ဦးကြာ က နှစ်ပေါင်းများစွာ ထိန်းသိမ်း စောင့်ရှောက်ပြီး ဟော်နန်းကို လာရောက် လေ့လာတဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေကိုလည်း သမိုင်းကြောင်းတွေကို ပြောပြလို့ ဟော်နန်းဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်ခဲ့တာပါ။” ဟု သီပေါမြို့ခံ တစ်ဦးက ပြောသည်။

.

ဟော်နန်းသည် သက်တမ်း ၁၀၀ ကျော် ရှေးဟောင်း အဆောက်အဦ ဖြစ်ကာ ဟော်နန်းအတွင်း၌ ရှေးဟောင်း အသုံးအဆောင်များ၊ စာအုပ်စာတမ်းများ၊ သမိုင်းဝင် ဓါတ်ပုံများကို ခင်းကျင်းပြသထားပြီး မြေဧရိယာ ကျယ်ဝန်းသည့် အတွက် ဗုဒ္ဓကောလိပ်အတွက် အဆောက်အဦကို သီးခြား ဆောက်လုပ်ပြီး ဟော်နန်းကိုမူ ရှေးမူ မပျက် ထိန်းသိမ်း၍ ပြတိုက်အဖြစ်သာ ထားရှိစေချင်ကြောင်းကိုလည်း ဒေသခံ တစ်ဦးက အကြံပြုသည်။

.

သီပေါဟော်နန်းသည် မဟာဒေဝီ စဝ်သုစန္ဒီ ၏ Twilight over Burma စာအုပ်ကြောင့် ကမ္ဘာကျော်သည်အထိ ထင်ရှားခဲ့ပြီး ပြည်ပ ခရီးသွားများနှင့် သမိုင်းပညာရှင်များ၏ အထူးစိတ်ဝင်စားဖွယ် သမိုင်းဝင် အထင်ကရ နေရာ ဖြစ်သည်။

.

#KBZTai  #Shan  #Hsipaw  #News

No comments:

Post a Comment

Pages