ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ယနေ့ ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းက အမျိုးသမီး တစ်ဦး ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။
.
ဟိုပုံးမြို့၊
မြို့မရေလွှဲဆည် ကန်ဘောင်နှင့် ၈ ပေခန့်အကွာ၊ ရေအနက် ၉ ပေခန့်တွင် အသက် ၃၈
နှစ်အရွယ် အမျိုးသမီး သည် မတ်တပ်ရပ် အနေအထားဖြင့် ဦးခေါင်းပိုင်း အထိ
ရေနှစ်မြှုပ်လျှက် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း အခင်း
ဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများက သွားရာက်၍ အလောင်းအား ကန်ဘောင်
ပေါ်သို့ ဆယ်ယူ စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ(၂)နေ
နန်းအေးချယ်ရီ (ခ) နန်းနွဲ့ ဖြစ်ပြီး ပြင်ပဒဏ်ရာ
မတွေ့ရှိဘဲ ၎င်း၏ ဝဲ/ယာဘက်၊ ခြေများမှာ အရေခွံများ တွန့်နေခြင်း၊ နှုတ်ခမ်းပြာလျက်
အရေခွံ တွန့်နေခြင်း တို့ကို တွေ့ရှိရကာ ရေလွှဲဆည် ကန်ဘောင်ပေါ်၌ ဖိနပ် (၁)ရံ၊ လုံချည်၊
တဘတ် နှင့် Chang ဘီယာဗူးခွံ တို့အား
တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ
သေဆုံးသူ၏ ရုပ် အလောင်းအား ဟိုပုံးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးမှုနှင့်
ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း
ဟုတ်/မဟုတ် သိရှိနိုင်ရန် ဟိုပုံးမြို့မရဲစခန်း၌ သေမှုသေခင်း
အမှုဖွင့်၍ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.
#KBZTai #Shan
#Hopone #News

No comments:
Post a Comment