.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
.
ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပွဲတော်ကို
ညောင်ရွှေမြို့၊ ရန်ကုန်မြို့မကျောင်းတွင် ကျင်းပ ပြုလုပ်လျက်ရှိရာ ယနေ့ ဇူလိုင်လ
၁ ရက်၌ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
.
.ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံကြီးမှ အထူးကု သမားတော် ဆရာဝန် ကြီးများ ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့က
စာပွဲတော်တွင် ဝင်ရောက်ဖြေဆိုကြသည့် ရဟန်း သံဃာများ၊ အလှူရှင်များ၊ ဧည့်သည်များကို
ရန်ကုန်မြို့မကျောင်း၊ ပတ္တမြားခန်းမဆောင် အောက်ထပ်၌ အခမဲ့ စမ်းသပ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ
ညောင်ရွှေစာပြန်ပွဲတော်ကြီးကို ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၄ ရက် အထိ ညောင်ရွှေမြို့၊
ရန်ကုန်မြို့မဘုန်းကြီးကျောင်းတွင် ပြုလုပ်နေခြင်းဖြစ်ပြီး သံဃာ အပါး ၃၀၀၀ ကျော် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း
သိရသည်။
.
ညောင်ရွှေစာပြန်ပွဲတော်ကို ၂၀၁၉ ခုနှစ်၊
ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ ဖြစ်ပွားသည့်အချိန်မှ
စတင်၍ ရပ်နားခဲ့ရာ ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment