၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
.
ထိုင်ဝမ်သမ္မတ
လိုင်ချင်းတယ် က ပြီးခဲ့တဲ့
ဇွန်လ ၂၉ ရက်မှာ စိုက်ပျိုးရေးဆု ရရှိသူတွေနဲ့ သူ့ရဲ့ သမ္မတရုံးမှာ
တွေ့ဆုံစဉ် တရုတ်နိုင်ငံဟာ စိုက်ပျိုးရေးထုတ်ကုန်များကို
“လက်နက်သဖွယ်” အသုံးချနေပြီး ထိုင်ဝမ်အပေါ် ဖိအားပေးရန် တင်သွင်းခွင့် ပိတ်ပင်မှုများနှင့်
အခွန် တိုးမြှင့်မှုများကို အသုံးပြုနေကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
.
ထိုင်ဝမ်
အနေဖြင့် ဈေးကွက် တစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချပြီး
ဈေးကွက်များကို ပိုမို ကွဲပြားအောင် ရှာဖွေသွားရမှာ ဖြစ်ကြောင်း၊ ထိုင်ဝမ်၏ စိုက်ပျိုးရေးထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့မှုဟာ ၂၀၁၅ ခုနှစ်တွင် ၂၀ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၁
ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ပြောပါတယ်။
.
“အမေရိကန် ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတို့ဟာ အခုအခါ ထိုင်ဝမ်စိုက်ပျိုးရေး
ထုတ်ကုန်တွေအတွက် အကြီးဆုံး ပို့ကုန် ဈေးကွက် ၂ ခု
ဖြစ်လာပါပြီ။ ဒီလထဲမှာပဲ ကျွန်တော်တို့ရဲ့ သရက်သီး၊ လိုင်ချီးသီးနဲ့
နဂါးမောက်သီးတွေကို ဥရောပ အဆင့်မြင့် ဈေးကွက်တွေဆီ ပထမဆုံးအကြိမ်
တင်ပို့နိုင်ခဲ့ပါတယ်” လို့ သမ္မတလိုင်က ဆိုပါတယ်။
.
အဲဒီ အောင်မြင်မှုတွေဟာ
စိုက်ပျိုးရေးဝန်ကြီးဌာန၊ တောင်သူတွေနဲ့
သက်ဆိုင်ရာ ကဏ္ဍအသီးသီးတို့ ပူးပေါင်း ကြိုးပမ်းမှုများရဲ့
ရလဒ် ဖြစ်တယ်လို့ ဆိုတဲ့ အကြောင်းနဲ့ ထိုင်ဝမ်ဟာ စိုက်ပျိုးရေးထုတ်ကုန်တွေကို ကမ္ဘာတဝန်း ဆက်လက် တင်ပို့နိုင်ဖို့အတွက် အအေးသိုလှောင်နဲ့ အအေးထိန်း သယ်ယူပို့ ဆောင်ရေးစနစ်တွေနဲ့
ရောဂါကာကွယ်ထိန်းချုပ်ရေး စွမ်းရည်များကို ဆက်လက် မြှင့်တင်သွားမှာ
ဖြစ်ကြောင်းလည်း သမ္မတလိုင်က ပြောကြားခဲ့ပါသေးတယ်။
.
ထိုင်ဝမ်
အစိုးရအနေနဲ့ တောင်သူတွေအပေါ် စောင့်ရှောက်ရေးနဲ့ ထိုင်ဝမ်စိုက်ပျိုးရေးကဏ္ဍရဲ့
ဆန်းသစ်တီထွင် ဖွံ့ဖြိုးမှုကို မြှင့်တင်ဖို့ အတွက်
အရင်းအမြစ်တွေ ဆက်လက်ရင်းနှီး မြှုပ်နှံသွားမှာ ဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် က ဖွင့်ဟခဲ့ပါတယ်။
.
Source
- Radio Taiwan International
.
#KBZTai #Shan
#International #News

No comments:
Post a Comment