ကျရှုံးသူတွေ ကျောင်းလွယ်အိတ်ကို ပြန်ကိုင်ဖို့ တိုက်တွန်းလိုက်တဲ့ Shan Top 8 (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, July 1, 2026

ကျရှုံးသူတွေ ကျောင်းလွယ်အိတ်ကို ပြန်ကိုင်ဖို့ တိုက်တွန်းလိုက်တဲ့ Shan Top 8 (ရုပ်သံ)

 


၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ရှမ်းပြည်နယ်အတွင်း အမှတ် အများဆုံး ရရှိကြတဲ့ ထူးချွန် ကျောင်းသူ၊ ကျောင်းသားတွေထဲမှာ အဆင့်(၈) ရရှိခဲ့တဲ့ နန်းချိုနွယ်ဦး လည်း အပါအဝင် ဖြစ်ပါတယ်။ သူမရဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ အနေနဲ့ တက္ကသိုလ်ဝင်တန်း မအောင်တာကို စိတ်ဓါတ် မကျဘဲ ကျောင်းလွယ်အိတ်ကို ပြန်ကိုင်ကြဖို့အတွက် အင်တာဗျူး အစီအစဉ်မှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။ နန်းချိုနွယ်ဦး ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ရမှတ် စုစုပေါင်း ၅၂၅ မှတ်နဲ့ ၅ ဘာသာ ဂုဏ်ထူး ရရှိခဲ့ပြီး ရှမ်းပြည်နယ် တစ်ခုလုံးမှာ အဆင့်(၈)ကို ရရှိခဲ့သူ ဖြစ်ပါတယ်။

No comments:

Post a Comment

Pages