■ အင်္ဂလန် - ကွန်ဂို (ည ၁၀-၃၀)
.
ပေါ်တူဂီကို
သရေ၊ ကိုလံဘီယာ ကို ကပ်ပြီး ရှုံးခဲ့တဲ့ ကွန်ဂိုရဲ့ ခြေစွမ်းကို အင်္ဂလန် လျော့တွက်လို့တော့
မရဘူး။ အင်္ဂလန်မှာ ရိစ်ဂျိမ်း၊ လစ်ဗရာမန်တို၊ ကွန်ဆာ တို့ ဒဏ်ရာ ရနေပြီး ဒီပွဲကို
သေချာပေါက် လွဲမှာပါ။ ပြီးခဲ့တဲ့ ပွဲတွေမှာ ခြေစွမ်း မပြနိုင်တဲ့ ဂေါ်ဒွန်အစား
ရက်ရှ်ဖို့ဒ် ပွဲထွက်လာဖို့ ရှိနေပြီး ဟယ်ရီကိန်း ဦးဆောင်မယ့် တိုက်စစ်က
လူစုံမှာပါ။
.
ကွန်ဂိုကတော့ ဝစ်ဆာ၊ ဘာကမ်ဘူ တို့ရဲ့အားနဲ့ ဂိုးမြူးနေတယ် ဆိုပေမယ့်
သူတို့ရဲ့ ၅-၃-၂ ကစားကွက်ကြီးက အင်္ဂလန်ကို ပိတ်ဆော့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့
လာမှာ သေချာပါတယ်။
.
အင်္ဂလန်ကလည်း ခံစစ်ကစားသမားတွေ ဒဏ်ရာ ရှိနေတာမို့ ခံစစ်ကို ပို အာရုံစိုက်
ကစားနေပြီး ပြီးခဲ့တဲ့ အုပ်စုပွဲ နောက်ဆုံး ၂ ပွဲလုံး ပေးဂိုး မရှိခဲ့တာ တွေ့ရတယ်။
.
ကမ္ဘာ့ဖလားမှာ ဟယ်ရီကိန်း ဂိုး ရဖို့ ရုန်းနေရတာ၊ ခံစစ်ကို အာရုံ များနေတာကြောင့်
တိုက်စစ် ပံ့ပိုးမှု အားနည်းနေတာ၊ ကွန်ဂိုက ပိတ်ဆော့ဖို့ ကြိုးစားမှာရယ်ကိုပါ
တွက်ကြည့်ရင် ဒီပွဲက နှစ်သင်းပေါင်း သွင်းဂိုး နည်းမယ့် ပွဲမျိုးပါ။
.
■ ဘယ်လ်ဂျီယံ -
ဆီနီဂေါ (နံနက် ၂-၃၀)
.
အုပ်စု အဆင့်မှာ ရုန်းကန်ခဲ့ရတဲ့ အသင်း နှစ်သင်း တွေ့ကြတဲ့ ပွဲပါ။
ဆီနီဂေါက အသင်းတွင်းမှာ ပြသနာတွေ ရှိနေတဲ့ အသင်း ဖြစ်ပြီး ဘယ်လ်ဂျီယံကတော့
ဘာပြသနာမှ မရှိဘဲ သူတို့ဘာသာ သူတို့ တိုင်ပတ်နေတဲ့ အသင်းပါ။
.
ဒိုကု ပြန်ပါလာမှာမို့ ဘယ်လ်ဂျီယံရဲ့ တောင်ပံတွေက ဒီပွဲမှာ ပို အလုပ်
ဖြစ်လာမယ့် သဘော ရှိနေပြီး ကီတီလာရေး အထောင် ကစားဖို့ များတာမို့ တိုက်စစ်ကလည်း
ပိုပြီး သွက်လာနိုင်တယ်။
ဆီနီဂေါကတော့ ဂွီယီ၊ ကာမာရာ တို့ရဲ့ ကွင်းလယ်မှာ ဒီယာရီ၊ ဆား၊ မာနေး
တို့ရဲ့ တိုက်စစ်ကို အားပြု ကစားမှာ ဖြစ်ပြီး ခံစစ်က အားရဖို့ မကောင်းတဲ့ အထဲမှာ ပါတယ်။
နော်ဝေနဲ့ ပြင်သစ်ကို ၃ ဂိုးစီ ပေးခဲ့တဲ့ ဆီနီဂေါ ခံစစ်က ဒီဘရိုင်းတို့ အုပ်စုကို
တစ်ဂိုး လောက်တော့ သေချာပေါက် ပေးရမှာပဲ။
.
တကယ်လို့သာ ဘယ်လ်ဂျီယံတို့ အုပ်စုပွဲတွေ တုန်းကထက် ခံစစ်ကို
ပိုကောင်းအောင် ကစားနိုင်မယ် ဆိုရင်တော့ ဒီပွဲက ဘယ်လ်ဂျီယံနိုင်မယ့် ပွဲမျိုးပါပဲ။
.
■ အမေရိကန် -
ဘော့စနီးယား (နံနက် ၆-၃၀)
.
အမေရိကန်အတွက်တော့ ဒီအဆင့်မှာ ဘော့စနီးယားနဲ့ တွေ့ရတာ တော်တော်လေး
အဆင်ပြေတယ်လို့ ပြောရမယ်။ ဘော့စနီးယားက အမေရိကန်အသင်း အုပ်စုအဆင့်မှာ တွေ့ခဲ့ရတဲ့ အသင်းတွေလို
ပေးဂိုးမြင့်တဲ့ အသင်း ဖြစ်ပြီး တိုက်စစ်နဲ့ ခံစစ်ကြား ဟန်ချက်ညီအောင် ဆော့တတ်တဲ့ အသင်း
မဟုတ်ဘူး။
.
အမေရိကန်ဖက်မှာ မက်ကင်ဇီနဲ့ ရိုဒန်တို့ ကစားနိုင်ဖို့ မသေချာပေမယ့်
ပူလီဆစ်၊ ဘာလိုဂန်၊ မက်ကင်နီ တို့ရဲ့ တိုက်စစ်ကတော့ တော်တော်လေး ဂိုး မြူးတယ်။ ဘော့စနီးယားကတော့
အဖိုးကြီး ဒီဇီကိုရဲ့ တိုက်စစ်နဲ့ အမေရိကန်ဘက်ကို ဂိုး ရဖို့ ကြိုးစားမှာ ဖြစ်ပြီး
အုပ်စုပွဲမှာ ပွဲတိုင်း ဂိုးပေးရတဲ့ ခံစစ်ကို ဘယ်လို ပြုပြင်လာမလဲပဲ
စောင့်ကြည့်ရမှာပါ။
.
ပြောရရင် အမေရိကန်ရဲ့ ကစားပုံက ဘော့စနီးယားတို့ အုပ်စုမှာ တွေ့ခဲ့တဲ့
ကနေဒါနဲ့ ဆင်ပြီး အမေရိကန် တိုက်စစ်က ကနေဒါထက် ပိုကောင်းတယ်။ ဒီတော့ ကနေဒါကိုတောင်
မနည်း ယှဉ်ကစားခဲ့ရတဲ့ ဘော့စနီးယားက အမေရိကန်ကို အနိုင်ရဖို့ မျှော်လင့်ချက် မရှိသလောက်ပဲ။
ခံစစ် အပေါက်တွေနဲ့ တိုက်စစ် ကစားကြတဲ့ အသင်းတွေရဲ့ ပွဲမို့ ဒီပွဲက နှစ်သင်းပေါင်း သွင်းဂိုးတွေလည်း
များသွားဖို့ ရှိနေပါတယ်။
.
#KBZTai #Shan #Sports #Football #WC2026

No comments:
Post a Comment