ကျိုင်းတုံမြို့နယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၁၅၆ ဦး ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 8, 2026

ကျိုင်းတုံမြို့နယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၁၅၆ ဦး ဖမ်းမိ


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းက အွန်လိုင်း လိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင် ပတ်သက်သူ ၁၅၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်လေ ကျေးရွာ၊ နောင်လေငါးကန်စားသောက်ဆိုင်အနီးရှိ ခြံဝန်းအတွင်း၌ အဆောက်အဦးဆောက်လုပ်၍ တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားချက်အရ ယမန်နေ့ ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် သွားရောက်စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် အဆိုပါ ခြံဝင်းအတွင်း၌ တရုတ်နိုင်ငံသား အမျိုးသား ၁၄၀ ဦး၊ အမျိုးသမီး ၄ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း အမျိုးသား ၁၄၈ ဦး၊ အမျိုးသမီး ၈ ဦး၊ ပေါင်း ၁၅၆ ဦးတို့အား ဖုန်းမျိုးစုံ ၆၅၈ လုံး၊ All In One ကွန်ပျူတာ ၁၃၄ လုံး၊ Laptop ၂၈ လုံး၊ WIFI ROUTER စက် ၃ လုံး၊ STAR LINK GAN-3 ၁၃ လုံး၊ CPU ၁၅ လုံး၊ UPS ၅ လုံး၊ မီးစက် (120 KV) ၁ လုံး၊ မီးစက် (155KV) ၁ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ Freezar ၁ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံး ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #KyaingTong #OnlineScam
.

No comments:

Post a Comment

Pages