တာချီလိတ်မြို့နယ်တွင် နေအိမ်မီးလောင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, August 4, 2026

တာချီလိတ်မြို့နယ်တွင် နေအိမ်မီးလောင်

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဩဂုတ်လ ၄ ရက်၊ နံနက်ပိုင်းက လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ မယ်ယန်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် Extension မီးကြိုးဖြင့် ပန်ကာအသုံးပြုရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာသို့ ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးငြိှမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနှင့် အုပ်ချုပ်မှုယာဉ် ၁ စီးနှင့် ရပ်ကွက်နေ ပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုကြောင့် အိမ်ရှင် ဦးအိုက်သာ၏ အလျား ၄၀ ပေ၊ အနံ ၄၀ ပေရှိ လူနေအိမ်အတွင်းရှိ ပန်ကာ၊ Extension မီးကြိုးနှင့် အသုံးအဆောင်ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရမှု မရှိကြောင်း ကနဦးစစ်ဆေးချက်များအရ သိရသည်။

.

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးတို့ကို သက်ဆိုင်ရာ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages