.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု
ဖြစ်ပွားခဲ့သည့် နမ့်ယွန်းချောင်း၌ ယနေ့ ဩဂုတ် လ ၄ ရက်၊ နံနက်ပိုင်းက သဲနုန်းများ တူးဖော်ရှင်းလင်း
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်မြို့တွင် ဩဂုတ်လ ၁ ရက် ညပိုင်းက မိုးသည်းထန်စွာ
ရွာသွန်းခဲ့မှုကြောင့် နမ့်ယွန်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
မြို့တွင်း ရေစီးဆင်းမှု ကောင်းမွန်စေရေးနှင့် နောင်တွင် ရေကြီး ရေလျှံမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက်
ချောင်းတစ်လျှောက်ရှိ သဲနုန်းများကို ဆည်ယူဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။
.
နမ့်ယွန်းချောင်းအတွင်း ပိတ်ဆို့နေသော
နှုန်းများကို မြို့နယ်စည်ပင်သာယာရေးဌာနနှင့် သတ္တု တူးဖော်ရေးလုပ်ငန်းများမှ
စက်ယန္တရားများ အသုံးပြုကာ ပူးပေါင်းဆယ်ယူရှင်းလင်းခဲ့ပြီး
ရေစီးကြောင်းပိတ်ဆို့မှုများ လျော့နည်းစေရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
.
နမ့်ယွန်းချောင်းအပြင် တာချီလိတ် မြို့တွင်းရှိ
ကျန်ချောင်းများနှင့် ရေနုတ်မြောင်းများကိုလည်း အဆင့်ဆင့်
ဆက်လက်ဆယ်ယူရှင်းလင်းသွားမည်ဖြစ်ပြီး မိုးရာသီကာလအတွင်း ရေစီးဆင်းမှု ကောင်းမွန်စေရေးနှင့်
မြို့နယ်အတွင်း ရေကြီးရေလျှံမှုအန္တရာယ် လျော့နည်းစေရေးအတွက်
ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။
.
နမ့်ယွန်းချောင်း သဲနုန်းဆည်ယူခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိနှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူများ
ပူးပေါင်းကြီးကြပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ နမ့်ယွန်းချောင်း
နှုန်းတူးဖော်ရှင်းလင်းခြင်းလုပ်ငန်းသည် ယခုနှစ်အတွင်း တတိယ အကြိမ်မြောက်
ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့မိမြို့ဖ အထောက်အကူပြုအဖွဲ့ကလည်း လုပ်ငန်းသုံး စက်သုံးဆီများ
ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment