အမေရိကန်နဲ့ မဆွေးနွေးချင်တဲ့ အီရန်ကို နောက်ဆုံးအခွင့်အရေး လို့ ထရမ့်သတိပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, August 4, 2026

အမေရိကန်နဲ့ မဆွေးနွေးချင်တဲ့ အီရန်ကို နောက်ဆုံးအခွင့်အရေး လို့ ထရမ့်သတိပေး

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်

.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံမှာရှိတဲ့ ပစ်မှတ်တွေအပေါ် အကြီးမားဆုံး စစ်ရေး တိုက်ခိုက်မှုတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားပြီး ပြီးခဲ့တဲ့ရက်တွေတုန်းက တိုက်ခိုက်မှုထက် အဆပေါင်း များစွာ ပိုကြီးမယ့် စစ်ဆင်ရေးဖြစ်လာမယ့်အကြောင်း ပြောဆိုလိုက်ပါတယ်။

.

.

ဒါ့အပြင် အမေရိကန်နဲ့ ဆွေးနွေးဖို့ ရှောင်ဖယ်နေတဲ့ အီရန်အတွက် ဒီတစ်ကြိမ်က နောက်ဆုံး သတိပေးခြင်း ဖြစ်တယ်လို့လည်း ထရမ့်က ပြောဆိုလိုက်တာပါ။

.

ထရမ့်က အိမ်ဖြူတော်သတင်းထောက်တွေကို ပြောဆိုခဲ့ရာမှာတော့ ဒေသတွင်းနိုင်ငံတွေရဲ့ တိုက်တွန်း မှုတွေကို ထည့်စဉ်းစားပြီး အီရန်ကို တိုက်ခိုက်မှုတွေ ရပ်နားဖို့စဉ်းစားခဲ့တဲ့ကြောင်းနဲ့ ဆွေးနွေးမှုတွေ အတွက် တံခါးဖွင့်ထားသေးတဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ သည်းခံနိုင်မှုက အတိုင်းအတာရှိတဲ့အကြောင်းနဲ့ အီရန်ဘက်က ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တော့တဲ့အကြောင်း ပြောဆိုသွားတာပါ။

.

အီရန်အစိုးရအနေနဲ့ နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရေးကို စွန့်လွှတ်ဖို့နဲ့ ဟောမုဇ် ရေလက်ကြားကို တစ်ဖက်သတ်ထိန်းချုပ်ဖို့ ကြိုးစားမှုကို စွန့်လွှတ်ဖို့ သဘောတူညီဖို့ လိုနေပြီး အမေရိကန်ဘက်က စောင့်ဆိုင်းနေတဲ့အကြောင်း ထရမ့်က အလေးပေးပြောခဲ့တာပါ။

.

အီရန်ဘက်ကတော့ ဝါရှင်တန်နဲ့ ဘယ်လိုဆွေးနွေးမှုမျိုးမှ ရှိမနေကြောင်း တရားဝင်ငြင်းဆိုထားပြီး ထရမ့်ကို စိန်ခေါ်တဲ့အခြေအနေမျိုး ထုတ်ဖော်ပြသနေတာပါ။

.

အီရန်က ဟောမုဇ်ရေလက်ကြားပေါ်က သင်္ဘောတွေကို တိုက်ခိုက်မှုနဲ့ ဒေသတွင်းနိုင်ငံတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်သွားခဲ့ပေမဲ့လည်း အမေရိကန်နဲ့ဆွေးနွေးမှုပြုလုပ်ဖို့ စားပွဲဝိုင်းထဲကို ဝင်ရောက် လာခြင်း မရှိသေးပါဘူး။

.

ထရမ့်ရဲ့ပြောဆိုချက်တွေမှာတော့ တနင်္ဂနွေနေ့မှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အကြီးမားဆုံး စစ်ရေး တိုက်ခိုက်မှုကို ဆောင်ရွက်ဖို့ စီစဉ်ထားပေမယ့်လည်း ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန် အပါအဝင် ပင်လယ်ကွေ့ဒေသ ခေါင်းဆောင်တွေနဲ့ နာမည်မဖော်လိုတဲ့ အီရန်တာဝန်ရှိသူ တချို့ရဲ့ မေတ္တာရပ်ခံမှုတွေကြောင့် တိုက်ခိုက်ဖို့အစီအစဉ်ဖျက်သိမ်းပြီး သံတမန်နည်းလမ်းတွေအတွက် အချိန်ပိုပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

.

Source – AFP

.

No comments:

Post a Comment

Pages