ကျောင်းအင်္ဂါရပ်နှင့် မညီသည့် ကိုယ်ပိုင်ကျောင်းနှင့် နိုင်ငံတကာကျောင်းများ ပိတ်သိမ်းရမည်ဟု သတင်းများ ထွက်ပေါ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, August 31, 2026

ကျောင်းအင်္ဂါရပ်နှင့် မညီသည့် ကိုယ်ပိုင်ကျောင်းနှင့် နိုင်ငံတကာကျောင်းများ ပိတ်သိမ်းရမည်ဟု သတင်းများ ထွက်ပေါ်နေ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

.

ကျောင်းအင်္ဂါရပ်နှင့်အညီ စနစ်တကျ ဆောက်လုပ်ထားခြင်းမရှိသည့် ကိုယ်ပိုင်ကျောင်းနှင့် နိုင်ငံတကာ ကျောင်းများကို လာမည့် ၂၀၂၇ ခုနှစ်တွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေလျက် ရှိသည်။

.

.

ထို့အပြင် ကိုယ်ပိုင် ကားရပ်နားကွင်း မရှိဘဲ အများပြည်သူသုံး လမ်းမပေါ်တွင် ကျောင်းကြိုပို့ကား ရပ်နားကာ ကျောင်းသားအတင်အချ ပြုလုပ်နေသည့် ကျောင်းများအားလုံး ပိတ်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။

.

“ကျောင်းတွေမှာ စံကိုက်စာသင်ခန်းတစ်ခုက သတ်မှတ် အကျယ်အဝန်း၊ ကျောင်းသား တစ်ဦးချင်း ရ ရမယ့် ဧရိယာအကျယ် သတ်မှတ်ချက် ရှိပါတယ်။ အဲဒီထက် ပိုထည့်ခွင့် မရှိပါဘူး။ ကျွန်မတို့ အခါ အားလျော်စွာ သွားစစ်ကြရတာပဲ။ သွားစစ်တဲ့အခါ စည်းမျဉ်းစည်းကမ်း ဖောက်တယ်ဆိုရင်တော့ အရေးယူမှု တွေ ရှိတာပေါ့” ဟု ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

.

အစိုးရအခြေခံပညာကျောင်းများတွင် အံကိုက် စာသင်ခန်းတစ်ခန်းလျှင် ပေ ၃၀ x ၂၄ ပေနှင့် ဝရန်တာ ၆ ပေ သတ်မှတ်ထားပြီး ကျောင်းသားတစ်ဦးချင်း ရပိုင်ခွင့်ရှိသော စတုရန်းပေ အနေဖြင့် မူလတန်းအဆင့်တွင် ၁၂ စတုရန်းပေ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ၁၈ စတုရန်းပေ သတ်မှတ် ထားကာ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများ၏ ကျောင်းသား တစ်ဦးအတွက် စာသင်ခန်းကြမ်းပြင် ဧရိယာသည် အနည်းဆုံး ၁၉ စတုရန်းပေ၊ စာသင်ခန်းအကျယ်အဝန်း အနည်းဆုံး အနံ ပေ ၂၀ ရှိရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

.

ကိုယ်ပိုင်ကျောင်းများတွင် သတ်မှတ်နေရာအကျယ်အဝန်း၊ ကားပါကင်များ စနစ်တကျ ပြည့်စုံရမည့်အပြင် Multimedia RoomComputer RoomLaboratoryLibrary နှင့် ဆေးပေးခန်း၊ ဆရာ/ဆရာမ နားနေခန်း စသည်တို့ ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။

.

မြို့တော် တောင်ကြီး အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်း အချို့တွင် ကျောင်းအင်္ဂါရပ်နှင့် မညီသော ကိုယ်ပိုင်ကျောင်းများ၊ သတ်မှတ်အကျယ်အဝန်း မပြည့်မီသည့် ကျောင်းများလည်း ရှိနေသည်ဟု သိရသည်။

.

“အဲဒီလို စံသတ်မှတ်ချက်အတိုင်း အတိအကျ လုပ်မယ် ဆိုရင် တောင်ကြီးမှာ ကိုယ်ပိုင်ကျောင်းတောင် သိပ် ကျန်မှာ မဟုတ်ဘူး။ အများစုက စာသင်ခန်းအကျယ်အဝန်း ဘာညာတော့ ရှိကြပေမဲ့ ကားပါကင်က ဘယ် ကျောင်းမှ မရှိဘူး။ ကျောင်းဆင်း/တက်ချိန်ဆိုရင် အကုန်လုံး လမ်းပေါ်မှာ အပြည့်ပဲ။ လမ်းလည်းပိတ်၊ ကလေးတွေအတွက်လည်း အန္တရာယ်များပါတယ်” ဟု တောင်ကြီးမြို့နေ ကျောင်းသားမိဘတစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။

.

ထို့အပြင် ဆရာ/ဆရာမများအနေဖြင့် သတ်မှတ်ပညာအရည်အချင်းနှင့် ပြည့်မီရမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်း ကိုလည်း ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် သင်ရိုးညွှန်းတမ်း သို့မဟုတ် နိုင်ငံတကာ သင်ရိုးညွှန်းတမ်း ကို စနစ်တကျ တင်ပြအတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၉ ကျောင်းကို ခွင့်ပြုထားကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံး ထံမှ သိရသည်။

.

 

No comments:

Post a Comment

Pages