.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
.
နီပေါနိုင်ငံ နူဝါကော့ဒ်ဒေသမှာ ရေကြီးမှု
မဖြစ်ပွားမီ ၁၀ မိနစ်အလို ကျောင်းသား ၉၀၀ ကို အချိန်မီ
ရွှေ့ပြောင်းပေးနိုင်ခဲ့တာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ကြပါတယ်။
.
.ထရိဘူဝန် ထရစ်ရှူလီ အလယ်တန်းကျောင်း
ကျောင်းအုပ်ကြီး ရာဂျင်ဒရာ ဒါဝါဒီဟာ မနက် ၉ နာရီ ၁၀ မိနစ်မှာ ရေကြီးမယ့်အကြောင်း
မိနစ်ပိုင်းအတွင်း ဖုန်းလေးကြိမ်ခေါ်ဆို သိတိပေးစကားရရှိပြီး နောက်
ကျောင်းသားတွေကို အမြင့်ပိုင်းနေရာတွေဆီ ချက်ချင်း ရွှေ့ပြောင်းပေးခဲ့တာပါ။
.
ဒါ့အပြင် ကျောင်းထဲဝင်လာတဲ့
ကျောင်းကားတွေကိုလည်း
အန္တရာယ်လွတ်ကင်းရာနေကို ချက်ချင်း ပြန်လှည့်စေခဲ့ပါတယ်။
.
“၁၀ မိနစ်လောက် နောက်ကျခဲ့ရင် ကျောင်းသားတွေနဲ့
ကျွန်တော်ပါ ဒီနေ့ စကားပြောနိုင်တော့မှာ မဟုတ်ဘူး” လို့ ဒါဝါဒီက ပြောပါတယ်။
.
ရေကြီးမှုကြောင့် ကျောင်းအဆောက်အအုံနဲ့
အနီးအနားက အဆောင်တွေဟာ မြေကြီးနဲ့ အပျက်အစီး တွေအောက် နစ်မြုပ်သွားခဲ့ပါတယ်။
.
အသက် ၁၆ နှစ်အရွယ် ကျောင်းသူ ယူနီရှာ
အမတ်ယာကတော့ သူနဲ့ သူငယ်ချင်းတွေဟာ ရေမကြီးမီ စက္ကန့်အနည်းငယ်အလိုမှာ
ကျောင်းနောက်ဘက်ကနေ တောင်ကုန်းပေါ်ကို အပြေးအလွှား ထွက်ပြေးခဲ့ရ တယ်လို့
ပြောပါတယ်။
.
လမ်းတွေ ပျက်စီးပြီး
သွားလာရေးပြတ်တောက်ခဲ့တာကြောင့် ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေဟာ အနီးအနားကျေးရွာမှာ
နှစ်ညကြာ ပိတ်မိခဲ့ပြီး နောက်ပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ရဟတ်ယာဉ်နဲ့
ကယ်ထုတ်ခဲ့ပါတယ်။
.
ယူနီရှာရဲ့ မိဘတွေကလည်း သမီးနဲ့
အဆက်အသွယ်မရတာကြောင့် အသက်ဆုံးရှုံးသွားပြီလို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးမှာ
ဖုန်းပြန်ဆက်သွယ်နိုင်ခဲ့ပြီး သမီးအသက်ရှင်နေကြောင်း သိခဲ့ရပါတယ်။
.
နီပေါရေကြီးမှုကြောင့် လူ ၇၉၄ ဦးထက်မနည်း
သေဆုံးပြီး ၂,၄၂၆ ဦး ပျောက်ဆုံးနေပါတယ်။
.
ကျောင်းအုပ်ကြီး ဒါဝါဒီကတော့
အရေးပေါ်သတိပေးစနစ်တွေ ပိုကောင်းမွန်ခဲ့မယ်ဆိုရင် လူတွေ အန္တရာယ်ကို ပိုစောစီးစွာ
တုံ့ပြန်နိုင်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အချိန်မီ ဆုံးဖြတ်ပြီး
ကျောင်းသားတွေကို ရွှေ့ပြောင်းပေးနိုင်ခဲ့တာကြောင့် လူရာနဲ့ချီတဲ့ အသက်တွေကို
ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
.
Ref – BBC
.

No comments:
Post a Comment