လက်ရှိ ချန်ပီယံဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ ယခုနှစ်ရာသီ M League အဖွင့်ပွဲစဉ် အဖြစ် ရန်ကုန်စီးတီးနဲ့ ဒီနေ့ ယှဉ်ပြိုင်ကစားရာမှာ ၂ ဂိုးစီ သရေ ရလဒ် ရရှိခဲ့လို့ တစ်မှတ်သာ ရရှိခဲ့ပါတယ်။
.
ရှမ်းအသင်းအတွက်
ဦးဆောင်ဂိုးကို ပွဲချိန် ၁၅ မိနစ်မှာ Stephen Owusu က သွင်းယူခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာတော့
ရန်ကုန်စီးတီး နောက်ခံလူ Haruki ရဲ့ အမှားကနေ ရရှိလိုက်တဲ့ Own ဂိုးကြောင့် ရှမ်းအသင်း
၂ ဂိုးပြတ်နဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။
.
ဒါပေမဲ့လည်း
စုဖွဲ့မှုအား လိုအပ်သေးတယ် ဆိုပေမယ့် အရင်နှစ်ကထက်စာရင် အများကြီး တိုးတက်လာတဲ့ ရန်ကုန်စီးတီးအတွက်
ပွဲချိန် ၆၄ မိနစ်မှာ အောင်ကောင်းမာန် က ခေါင်းတိုက် သွင်းပြီး ချေပဂိုး သွင်းယူ ပေးခဲ့သလို
ပွဲချိန်ပြည့်လို့ အချိန်ပို ၄ မိနစ်လောက်မှာ လူစားဝင် ဂျပန်ကစားသမား Tsuchiya က လှလှပပ
သွင်းယူပေးခဲ့တာ ဖြစ်လို့ ပွဲပြီးချိန်မှာတော့ တစ်ဘက် ၂ ဂိုးစီနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာ
ဖြစ်ပါတယ်။
.
ဒါ့အပြင်
ဒီနေ့ ပွဲစဉ်မှာ နှစ်ဘက်အသင်းက အားထားရတဲ့ ကစားသမားတွေ အနီကတ် ပြသခံရတဲ့ အခြေအနေတွေကိုလည်း
တွေ့မြင်ခဲ့ရပါသေးတယ်။ အနီကတ် ပြသမှုတွေ အပေါ် ပရိသတ်တွေက ဝေဖန်မှု အမျိုးမျိုး ရှိပေမယ့်
ဒိုင်အဖွဲ့ဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ရာသီအစမှာ ပြသတာလို့လည်း သုံးသပ်နိုင်ပါတယ်။
.
ပြည်တွင်းလိဂ်အသင်းတွေထဲမှာ
အောင်မြင်မှု များစွာ ရရှိနေတဲ့ ရှမ်းအသင်းဟာ နိုင်ငံခြားသား ကစားသမားတွေ အပြင် ပြည်တွင်းကစားသမားတွေကိုလည်း
ခေါ်ယူအားဖြည့်ခဲ့ထားပေမဲ့ ထင်သလောက် ကောင်းမနေတဲ့ အခြေအနေကို တွေ့မြင်ရပါတယ်။
.
ဒီနေ့မှာပဲ
ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရန်ကုန်ယူနိုက်တက် နဲ့ စစ်ကိုင်းယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာတော့
ရန်ကုန်ယူနိုက်တက်က ၂ - ၀ ရလဒ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။
.

No comments:
Post a Comment