ရွှေညောင်တွင် ဆိုင်ကယ်ခိုးယူလာသူ တစ်ဦး ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 30, 2026

ရွှေညောင်တွင် ဆိုင်ကယ်ခိုးယူလာသူ တစ်ဦး ဖမ်းမိ


‌တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်တွင် ယမန်နေ့ ဩဂုတ်လ ၂၉ ရက်၊ ညပိုင်းက ဆိုင်ကယ်ခိုးယူလာသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်၊ ည ၉ နာရီခန့်က ရွှေညောင်မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက် ဈေးရှေ့အရောက်တွင် အေးသာယာမြို့ဘက်မှ ရွှေညောင်မြို့ဘက်သို့ ဆိုင်ကယ် တစ်စီးအား တွန်းလာသည့် မသင်္ကာဖွယ် အမျိုးသား တစ်ဦးကို ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ယင်းအမျိုးသားမှာ အေးသာယာမြို့၊ မြို့ဦးရပ်ကွက်၊ အကွက်ကြီး (၆) နေ သီဟထွန်း ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းတွန်းလာသည့် Honda Wave Alpha ကာဗာတပ် NEW ZHINENG အမျိုး အစား အနက်ရောင် ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိဘဲ နေအိမ် အဆောက်အဦ တစ်ခုအတွင်းမှ ခိုးယူခဲ့သည်ဟု မသင်္ကာဖွယ် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဆိုင်ကယ် ခိုးယူလာသည်ဟု သံသယရှိသူ အမျိုးသားအား ရွှေညောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Pages