တန်ဆောင်တိုင်ကာလ ဟိုတယ်ဘိုကင်ဈေးနှုန်းများ ပုံမှန်ထက် ၃/၄ ဆ မြင့်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 30, 2026

တန်ဆောင်တိုင်ကာလ ဟိုတယ်ဘိုကင်ဈေးနှုန်းများ ပုံမှန်ထက် ၃/၄ ဆ မြင့်တက်


လာမည့် နိုဝင်ဘာလ အတွင်း ပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကာလအတွက် ဟိုတယ်/တည်းခိုခန်း အချို့တွင် ကြိုတင်ဘိုကင် ပြုလုပ်သူ ရှိလာနေပြီး ကြိုတင်ဘိုကင် ဈေးနှုန်းများမှာ ပုံမှန် ပေါက်ဈေးထက် ၃/၄ ဆ နီးပါး ပိုမို မြင့်တက်လာနေကြောင်း သိရသည်။

.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ ဟိုတယ်ကြီးများ၏ လက်ရှိ အခန်းခ ဈေးနှုန်းများမှာ ကျပ် တစ်သိန်း ဝန်းကျင်မှ စတင်သော်လည်း တန်ဆောင်တိုင်ကာလအတွက် ဘိုကင်ဈေးနှုန်းမှာ အခန်းငယ် တစ်ခန်းလျှင် အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၄ သိန်းအထိ ရှိနေကြောင်း သိရသည်။
.


ဒီနှစ်က ဘာပဲပြောပြော အရင်နှစ်တွေနဲ့ စာရင် ပိုပြီးတော့ ပွင့်လင်းလာတယ် ပြောရမှာပေါ့။ ခရီးသွားတွေ လည်း ပို ဝင်မယ်လို့ ခန့်မှန်းပါတယ်။ ဟိုတယ်တွေမှာလည်း ဘိုကင်တင်တဲ့ သူတွေ များနေပြီ။ ဈေးနှုန်း ကတော့ ပုံမှန်ထက်ကို ၃/၄ ဆ ပို များပါတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ဟိုတယ် အခန်းခဈေးနှုန်းများမှာ ၃/၄ ဆခန့်အထိ ပိုမို မြင့်တက်နေသည့်အပြင် အခန်း ဘိုကင် ယူမည်ဆိုပါက ငွေအပြည့် တစ်ပါတည်း ပေးသွင်းရမည် ဖြစ်ကြောင်း ဟိုတယ်အချို့ထံက သိရသည်။
.
သို့သော်လည်း ဟိုတယ်အချို့မှာမူ လက်ရှိအချိန်ထိ တန်ဆောင်တိုင်ကာလအတွက် ဘိုကင် လက်ခံခြင်း မရှိသေးဘဲ ဈေးနှုန်းများလည်း သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။
.
၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို ယခုနှစ် နိုဝင်ဘာ လလယ်မှ နိုဝင်ဘာလ ၂၅ ရက် ခန့်အထိ ပြုလုပ်သွားရန် ရှိနေပြီး ဟိုတယ်၊ တည်းခိုခန်းများတွင် ရုံးပိတ်ရက်ရှည် ဖြစ်သည့် နိုဝင်ဘာ ၂၁ မှ ၂၄ ရက်အတွင်း ဘိုကင်တင်သူ များပြားကြောင်း သိရသည်။
.


ထို့အပြင် တန်ဆောင်တိုင်ပွဲတော်ကာလတွင် ဟိုတယ်ဘိုကင် အကြောင်းပြကာ လိမ်လည်မှုများလည်း နှစ်စဉ် ဖြစ်ပွားတတ်သည့်အတွက် တောင်ကြီးမြို့သို့ လာရောက်မည့် ရပ်ဝေးမှ ခရီးသွားဧည့်သည်များ အနေဖြင့် ဘိုကင်မတင်မီ မိမိ လာရောက်တည်းခိုမည့် ဟိုတယ် အမှန်တကယ် ရှိ/မရှိ၊ လူမှုကွန်ရက် Page အမှန်အကန် ဟုတ်/မဟုတ် သေချာလေ့လာစုံစမ်းပြီးမှ ဘိုကင် တင်သင့်သလို ဒေသခံ အသိမိတ်ဆွေများ ရှိပါက ဆက်သွယ်စုံစမ်း၊ အကူအညီ တောင်းခံသင့်ကြောင်း ဒေသခံများက အကြံပြုထားသည်။
.

No comments:

Post a Comment

Pages