ရှမ်းလွှတ်တော် ဥက္ကဋ္ဌ တာချီလတ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 8, 2026

ရှမ်းလွှတ်တော် ဥက္ကဋ္ဌ တာချီလတ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု


ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်နှင့် အဖွဲ့သည် ယမန်နေ့ ဩဂုတ်လ ၇ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

.
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်သည် တာချီလိတ်မြို့ရှိ စုပေါင်းရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများနှင့် လွှတ်တော်တွင် တင်သွင်းမေးမြန်းထားသည့် အဆိုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မှာကြား ခဲ့ကြောင်း သိရသည်။
.




ထို့နောက် တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများက တာချီလိတ် မြို့နယ်အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပါဝါပွိုင့် မှတ်တမ်းများဖြင့် တင်ပြကြရာ လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.



ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ် အနီးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ကွန်ကရစ်မြေထိန်းနံရံများ၊ ရေထိန်းတံခါးများ ဆောင်ရွက်ထားရှိမှု၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)အနီးရှိ ရေထိန်းတံခါးဆောင်ရွက်ထားရှိမှုနှင့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုလေ့လာကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကုန်စည်စီးဆင်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြ ကြောင်း သိရသည်။
.
ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုင်းဖုန်း(ခ)ကျေးရွာရှိ ဗုဒ္ဓဂါရာစေတီအား ဖူးမြှော် ကြည်ညိုခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

Pages