.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့၊ ဟဲကဲကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၇ ရက်၊ ညပိုင်းက အွန်လိုင်းလောင်းကစား
ပြုလုပ်သူတစ်ဦးကို သက်သေခံ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
.ရွှေညောင်မြို့၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာရှိ
နေအိမ်တစ်လုံးတွင် တရားမဝင် အွန်လိုင်း လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ယမန်နေ့
ဩဂုတ်လ ၇ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထိုသို့ ရှာဖွေရာတွင် အိမ်ရှင်ဖြစ်သူ ထွန်းထွန်း
ကို နေအိမ်အောက်ထပ်တွင် တွေ့ရပြီး ၎င်းထံမှ အွန်လိုင်း လောင်းကစားပြုလုပ်ရာတွင်
အသုံးပြုသည်သည့် Honor အမျိုးအစား မီးခိုးရောင် Laptop
တစ်လုံး၊ Laptop လေအေးပေးစက်တစ်ခု၊ Keyboard
တစ်ခု၊ Mouse တစ်ခု၊ Laptop အားသွင်းကြိုးတစ်ချောင်း၊ Huawei အမျိုးအစား Wi-Fi
စက်တစ်ခု၊ iPhone 14 Pro လက်ကိုင်ဖုန်းတစ်လုံးနှင့်
အွန်လိုင်းလောင်းကစားပြုလုပ် နေသည့် မှတ်တမ်းများကို Screen Shot ရိုက်ကူးထားသည့် စာရွက် ၆ ရွက် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
“မိုင်းလားဘက်က ပြန်လာပြီး
ဒီမှာလက်ခွဲသဘောမျိုးနဲ့ လုပ်နေတာပါ။ သတင်းရတာနဲ့ ဝင်ပြီးဖမ်းတာပါ” ဟု တာဝန်ရှိသူတစ်ဦးက
ပြောသည်။
.
အဆိုပါ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစား ပြုလပ်သူ
ထွန်းထွန်းအား ရွှေညောင်နယ်မြေရဲစခန်း တွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
ပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:
Post a Comment