ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် ယမန်နေ့ ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းက စိတ်ကြွ ရူးသွပ်ဆေးပြား ၁ သိန်းအား ဆွဲခြင်းဖြင့် သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်း က သစ်တောရပ်ကွက်၊
ကမ္ဘောဇလမ်းပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ဟိုပုံးမြို့နယ်နေ
အိုက်လန်နှင့် မအေးနွန်း ဆိုသူတို့ မောင်းနှင် စီးနင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ၎င်းတို့ သယ်ဆောင်လာသည့် ပလတ်စတစ်
ဆွဲခြင်းအတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား
၁၀၀၀၀၀ ပြားအား တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
“ သတင်းအရ
သွားရောက် စောင့်ဆိုင်းပြီး စစ်ဆေးရင်းနဲ့ ဖမ်းမိတာပါ။ အမှုဖွင့် အရေးယူထားတာပါ။” ဟု
တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ်၊
နောင်ကျင်းရွာနေ အိုက်လန်နှင့် နားလင်းရွာနေ မအေးနွန်းတို့
၂ ဦးအား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:
Post a Comment