.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
.
ထိုင်းနိုင်ငံရဲ့ နာမည်ကျော်
တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dragon 5 အဖွဲ့ရဲ့ အဆိုတော်ဟောင်း
သမန် တီပွန်ရဲ့ ရုပ်အလောင်းကို နွန်ထဘူရီခရိုင်၊ ရာမာတံတားအနီးမှာရှိတဲ့
ချောင်ဖရားမြစ်အတွင်းကနေ ရှာဖွေတွေ့ရှိခဲ့တယ် လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တီပွန် ဟာ ဩဂုတ်လ ၆ ရက် မနက် ၄ နာရီအချိန်လောက်က စက်ဘီးစီး ထွက်သွားခဲ့ပြီးတဲ့နောက်
အိမ်ကို ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့တာပါ။
.
.တီပွန်ရဲ့ ချစ်သူဖြစ်တဲ့ ဝါလိုင်ဖန် ရဲ့
ပြောဆိုမှုအရ အသက် ၄၆ နှစ်အရွယ် တီပွန်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက် ၄
နာရီလောက်မှာ နို့နှစ်ရောင် စက်ဘီးတစ်စီးနဲ့ ပုံမှန်စက်ဘီးစီးလေ့ကျင့်မှု
ပြုလုပ်ဖို့ ထွက်သွားပြီးတဲ့ နောက် ပျောက်ဆုံးသွားခဲ့တာလို့ သိရတာပါ။ ဝါလိုင်ဖန်က
ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းခံခဲ့ပြီး ရှာဖွေမှုတွေ လုပ်ချိန်မှာတော့
တီပွန်ရဲ့အလောင်းကို မြစ်နံဘေးကနေ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
.
တီပွန်က စက်ဘီးစီးဝတ်စုံ ဝတ်ဆင်ထားခဲ့ပြီး
အနက်ရောင်ကျောပိုးအိတ် တစ်လုံးလွယ်ထားခဲ့ပြီး သူစီးနေကျ လမ်းကြောင်းအတိုင်း
ဝင်ရောက်သွားခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ ဝါလိုင်ဖန်က ပြောခဲ့တာပါ။ သူ့ရဲ့ မိုဘိုင်းဖုန်း
ကိုလည်း ယူဆောင်သွားခဲ့ခြင်းမရှိတာကြောင့် အိမ်ကိုပြန်မရောက်လာချိန်မှာ ဘယ်လိုမှ
ရှာဖွေလို့မရဘဲ ဖြစ်နေခဲ့တယ်လို့ သူမက ဆိုပါတယ်။
.
ရဲတပ်ဖွဲ့က ရုပ်သံမှတ်တမ်းတွေကို
ပြန်လည်စစ်ဆေးခဲ့ရာမှာတော့ တီပွန်က မနက်အစောပိုင်းမှာ တစ်ဦးတည်း
စက်ဘီးစီးထွက်သွားတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ တီပွန်နဲ့အတူ
စက်ဘီးစီးလေ့ရှိကြတဲ့ သူငယ်ချင်းတွေ၊ အနီးဝန်းကျင်က ဆေးရုံတွေနဲ့ ရဲစခန်းတွေကို
ဆက်သွယ်မေးမြန်းခဲ့ကြပြီး သတင်းအချက် အလက် မရဘဲ ဖြစ်နေခဲ့တာပါ။
.
ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်အရ တီပွန်ဟာ နေအိမ်ကနေ
ထွက်ခွာချိန်မှာ သူ ပုံမှန်ယူဆောင်နေကြ မိုဘိုင်းဖုန်းနဲ့ တည်နေရာကို
ခြေရာခံနိုင်တဲ့ နာရီတို့ကို ထားရစ်ခဲ့တယ်လို့ သိရတာပါ။ တီပွန်က မိသားစုနဲ့
ပြသနာတွေ ရှိနေတယ်လို့ သတင်းတွေထွက်နေတာတွေ စိတ်ကျရောဂါ ခံစားခဲ့ဖူးတယ်ဆိုတဲ့
ပြောဆိုချက်တွေ ရှိနေတာ တွေကိုတော့ သူ့ရဲ့မိသားစုက ငြင်းဆိုထားပါတယ်။
.
တီပွန်ရဲ့ရုပ်အလောင်းကို ရဲတပ်ဖွဲ့က
ဆယ်ယူထားပြီး သေဆုံးရတဲ့အကြောင်းရင်းကို အတည်ပြုနိုင်ဖို့ ဆေးမှုခင်း စစ်ဆေးမှုတွေ
လုပ်ဆောင်မယ့်အကြောင်း အသိပေးထားပါတယ်။
.
တီပွန် ပါဝင်တဲ့ Dragon Five အဖွဲ့က အာရှစတိုင်ဂီတနဲ့ ကိုယ်ခံပညာကကွက်တွေကို
ပေါင်းစပ်ဖျော်ဖြေမှုနဲ့အတူ လူသိများပြီး ၂၀၀၂ ခုနှစ်မှာ ဂီတလှုပ်ရှားမှုတွေကို
ရပ်နားခဲ့တယ်လို့ သိရပါတယ်။
.
Source – Khaosad
.

No comments:
Post a Comment