ကလောရှိ အဆောက်အအုံ ၃ လုံးကို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် ကမ္ပည်းမော်ကွန်း ကြေးပြား တပ်ဆင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 8, 2026

ကလောရှိ အဆောက်အအုံ ၃ လုံးကို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် ကမ္ပည်းမော်ကွန်း ကြေးပြား တပ်ဆင်

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ရှိ နှစ် ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံ ၃ လုံး ဖြစ်သော ကလောစာတိုက်ဟောင်း၊ ကလောရေကူးကန်နှင့် နားနေစခန်း (ကလောကလပ်) တို့ကို ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများအဖြစ် သတ်မှတ်ပြီး ကမ္မည်းမော်ကွန်းကြေးပြား တပ်ဆင်ခဲ့သည်ဟု သိရသည်။

.

.

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဩဂုတ်လ ၆ ရက်တွင် အဆိုပါ အဆောက်အအုံများကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောကအအုံအဖြစ် ကြေးပြား မော်ကွန်းကမ္ပည်းများ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

နှစ် ၁၀၀ အထက် ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းတာပါ။ ကိုယ့်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို မြတ်နိုး တတ်အောင် လုပ်ဆောင်တာပါ။ နှစ် ၁၀၀ အထက် ကမ္ပည်းမကပ်ရသေးတဲ့ အဆောက်အအုံတွေကိုလည်း ကပ်ဖို့ရှိပါတယ်” ဟု ရှမ်းပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ရှေးဟောင်းအဆောက်အအုံ စာရင်းဝင် ၁၁ လုံး ရှိပြီး တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ရှေးဟောင်းအဆောက်အအုံ ၂၃ လုံးရှိကာ ကြေးပြားကမ္ပည်းမော်ကွန်းကပ်ပြီး အဆောက် အအုံ ၉ ခု ရှိပြီ ဖြစ်ကြောင်း သိရသည်။

.

ရှမ်းတောင်တွင် ရှေးဟောင်းအဆောက်အအုံ စာရင်းဝင် ကြေးပြားမော်ကွန်း တပ်ဆင်ပြီးသည့် အဆောက်အအုံ များအနက် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းဝန်များရုံးဟောင်းနှင့် ကလောမြို့ရှိ နှစ်ပေါင်း ၁၁၁ နှစ်ရှိ ကလောဘူတာ တို့မှာ ထင်ရှားသည်။

.

No comments:

Post a Comment

Pages