.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယနေ့ ဩဂုတ်လ ၂၉ ရက်၊
နံနက်ပိုင်းက အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ ပြား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ယနေ့ ဩဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းက ဟိုပုံး-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ်၊
ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်၊ နောင်တောင်းလမ်းဆုံအနီးတွင် လွိုင်လင်မြို့
ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသည့် နံပါတ်မပါ KENBO-125 အနက်ရောင်ဆိုင်ကယ် အား မသင်္ကာသဖြင့် ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ကြောင်း
သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်စီးနင်း
မောင်းနှင်လာသူမှာ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်နေ ဇော်မျိုးအောင် ဖြစ်ပြီး
၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ ပလပ်စတစ်အိတ်အတွင်း ထည့်ထားသည့် WY
စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၅ ပြား၊ အလေးချိန် ၇ ဒသမ
၆ ဂရမ်၊ ကာလတန်ဖိုး ၄၇၅၀၀ ကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ
ဖမ်းဆီးရမိသူ ဇော်မျိုးအောင် အား ဟိုပုံးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က)/၂၀ (က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment