အေးသာယာတွင် နေအိမ်အတွင်းဝင်ရောက် အနုကြမ်းစီးမှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, August 4, 2026

အေးသာယာတွင် နေအိမ်အတွင်းဝင်ရောက် အနုကြမ်းစီးမှု ဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယမန်နေ့ ဩဂုတ်လ ၃ ရက်၊ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးတည်း နေထိုင်သည့် နေအိမ်အား ဝင်ရောက် အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ အမှတ် (၉) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ ဩဂုတ်လ ၃ ရက်၊ နံနက် အစောပိုင်းက မျက်နှာသစ်ပြီး နေအိမ်ထဲသို့ ပြန်ဝင်လာစဉ် မီးဖိုချောင်ခန်းအတွင်း၌ မျက်နှာအား ပုဆိုးခြုံ ထားသည့် အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် အော်ဟစ်စဉ် ၎င်းအမျိုးသားက ပါးစပ်အား လက်ဖြင့်ပိတ်ပြီး မျက်နှာကို လက်သီးဖြင့်ထိုးသဖြင့် ရှေ့အပေါ်၊ အောက် သွားများ ကျိုးသည့် နာကျင်ဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ လက်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

ထို့နောက် လုယက်သူက အမျိုးသမီး၏ လက်အား ဝါယာကြိုးဖြင့် ချည်နှောင်ပြီး ပါးစပ်တွင် အဝတ်ထည့်၍ အော်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ နားတွင် ဝတ်ဆင်ထားသော ရွှေခြယ် နားကပ်အပြာရောင်၊ ငွေသား ကျပ် ၂ သိန်းနှင့် လက်ကိုင်ဖုန်တို့အား အဓမ္မ ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

.

“ဝင်ခိုးတာပါ။ ခိုးရင်းနဲ့ အိမ်ရှင်နဲ့ တွေ့တာပါ။ (ကျူးလွန်သူကို) စုံစမ်းနေတုန်းပါပဲ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

အဆိုပါ အမျိုးသမီးအား ထိုးကြိတ်ရိုက်နှက်ပြီး ရွှေထည်၊ ငွေသားနှင့် လက်ကိုင်ဖုန်းအား အဓမ္မ ယူဆောင်သွားသူ အမည်မသိ အမျိုးသားအား အေးသာယာ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၅၉/၃၉၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages