မိုင်းတုံတွင် ၆ ဘီးကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်ပြီး ယာဉ်မောင်းသေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, August 31, 2026

မိုင်းတုံတွင် ၆ ဘီးကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်ပြီး ယာဉ်မောင်းသေဆုံး

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံ-တာဆန်းလမ်းတွင် ဩဂုတ်လ ၂၉ ရက်၊ ညပိုင်းက ၆ ဘီး ကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်ပြီး ယာဉ်မောင်းနှင်သူအမျိုးသား သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မိုင်းတုံ-တာဆန်းလမ်း၊ မိုင်တိုင်အမှတ် (၁၁၈/၄) နှင့် (၁၁၈/၅) အကြားတွင် ဩဂုတ်လ ၂၉ ရက်၊ ည ၇ နာရီခွဲ ခန့်က ပင်လုံမြို့နေ ခွန်ကျော်ဟိန်း မောင်းနှင်ပြီး ဇနီးဖြစ်သူ မနန်းမွမ်း လိုက်ပါစီးနင်းလာသော CANTER အမျိုးအစား အပြာရောင် ၆ ဘီးယာဉ်သည် ဘရိတ်ပေါက် လမ်းချော်၍ လမ်း၏ ယာဘက်ချောက် ပေ ၃၀၀ ခန့်အနက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ခွန်ကျော်ဟိန်းမှာ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်ကောက်ဝတ် စုတ်ပြဲ ဒဏ်ရာ၊ ရင်ဘတ်ညိုမဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ မနန်းမွမ်းမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိမ်းမှောက်မှုမှ လူကို သေစေသည်ထိ ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ခဲ့သူ ယာဉ်မောင်း ခွန်ကျော်ဟိန်း (သေဆုံး) အား မိုင်းတုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages