.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်၍
လူငယ် ၂ ဦးကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်လာသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊
မယ်ဟုတ်ကျေးရွာအနီး မယ်ဟုတ်တံတားတွင် ယမန်နေ့ ဩဂုတ် ၃၀ ရက် နံနက် ၁၂ နာရီခွဲခန့်က ရှောင်တခင်
စစ်ဆေးမှုများ ပြုလုပ်နေစဉ် အနက်ရောင် Nissan X-Trail ကားတစ်စီးကို
ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ကားပေါ်တွင် ယာဉ်မောင်းနှင်သူ
ဇွဲညီညီခန့်၊ ဉာဏ်လင်းထွန်းနှင့် သဲအိချိုတို့ ၃ ဦးကို တွေ့ခဲ့ရပြီး ကားနောက်ဖုံးအတွင်း
လူငယ် ၂ ဦးအား လက်ထိပ်ခတ်လျက် ဖမ်းဆီး ခေါ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
.
ဖမ်းဆီးခံရသူ ၂ ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဩဂုတ်လ
၂၉ ရက်နှင့် ၃၀ ရက်၊ ညပိုင်းက တာချီလိတ်မြို့၊ တစ်နေရာစီတွင် “တာဝန်အရ မေးစရာရှိသည်”
ဟု ဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးသူများက ၎င်းတို့ ၂ ဦးကို လက်သီးဖြင့်ထိုးသည့်အပြင်
လျှာဖြတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ကားနောက်ဖုံးအတွက် လက်ထိတ်ခတ်လျက် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စစ်သားအယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်း
တပ်သားသစ် စုဆောင်းရေး အကြောင်းပြ လူဖမ်းဆီး၊ ခြိမ်းခြောက်ခေါ်ဆောင်လာသူ ဇွဲညီညီခန့်၊
ဉာဏ်လင်းထွန်းနှင့် မသဲအိချိုတို့ ၃ ဦးကို ပူးပေါင်းအဖွဲ့က စစ်ဆေးနေပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း
သိရသည်။
.

No comments:
Post a Comment