အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ညပိုင်းမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာကြောင့် သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေ က သောကြာနေ့ ဩဂုတ် ၂၈ ရက်မှာ ရထားနဲ့ ဘတ်စ်ကား ပြေးဆွဲမှု လမ်းကြောင်းတချို့ကို ယာယီရပ်နားတာ ဒါမှမဟုတ် လမ်းကြောင်းပြောင်းပြီး ပြေးဆွဲခဲ့ပါတယ်။
.
ဆန္ဒပြပွဲတွေဟာ ကြာသပတေးနေ့ မနက်ပိုင်းမှာ
လွှတ်တော်အနီးမှာ စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး
ဆန္ဒပြပွဲတွေရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လုံခြုံရေးတင်းကျပ်စွာ
ချထားတဲ့ကြားက ဆန္ဒပြခဲ့တာပါ။
.
ကြာသပတေးနေ့ ဆန္ဒပြပွဲတွေမတိုင်ခင် ဂျကာတာမြို့မှာ
ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဖြန့်ချထားခဲ့ပါတယ်။ ဆန္ဒပြသူတွေက အစိုးရရဲ့
မူဝါဒအမျိုးမျိုးအပေါ် မကျေနပ်မှုတွေကို ဖော်ထုတ်ခဲ့ကြသလို အကျင့်ပျက်ခြစားတဲ့
အစိုးရအရာရှိတွေကို ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့လည်း
တောင်းဆိုခဲ့ကြပါတယ်။
.
ကြာသပတေးနေ့ညနေပိုင်းမှာ
ဆန္ဒပြပွဲပြီးဆုံးသွားခဲ့ပေမယ့် အနက်ရောင်အင်္ကျီတွေ ဝတ်ဆင်ထားတဲ့ လူတချို့ကတော့
ညအတော်နောက်ကျတဲ့အထိ လမ်းပေါ်မှာ ဆက်ရှိနေခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက
ဖော်ပြပါတယ်။
.
အဲဒီလူတွေဟာ ရဲကင်းတစ်ခုနဲ့ မော်တော်ဆိုင်ကယ် ၂
စီးကို မီးရှို့ခဲ့သလို လမ်းတွေကိုလည်း ပိတ်ဆို့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို
ကျောက်တုံးတွေနဲ့ တုတ်တွေ ပစ်ပေါက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကတော့ ရေအမြောက်နဲ့
မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲခဲ့ပါတယ်။
.
ရိုက်တာသတင်းဌာနရဲ့ သတင်းထောက် တစ်ဦးကလည်း
အဓိကရုဏ်း ဖြစ်ပွားခဲ့တယ်လို့ သတင်းထွက် နေတဲ့ နေရာအနီးမှာ ကျယ်လောင်တဲ့
ပေါက်ကွဲသံ အများအပြားကို ကြားခဲ့တယ်လို့ ပြောပါတယ်။ သောကြာနေ့မှာ ရဲတပ်ဖွဲ့ကတော့
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ မေးမြန်းချက်ကို ချက်ချင်း
တုံ့ပြန်ခြင်း မရှိသေးသလို ဂျကာတာရဲတပ်ဖွဲ့ကလည်း တရားဝင်ထုတ်ပြန်ချက်
မထုတ်ပြန်သေးပါဘူး။
.
သောကြာနေ့မှာ ဂျကာတာမြို့ရဲ့
ခရီးသည်တင်ရထားလမ်းကြောင်းတချို့ကို ယာယီရပ်နားတာ ဒါမှမဟုတ်
လမ်းကြောင်းပြောင်းပြီး ပြေးဆွဲခဲ့ပါတယ်။ မြို့တွင်းဘတ်စ်ကားပြေးဆွဲရေးစနစ်ကလည်း
လွှတ်တော်အဆောက်အအုံအနီးမှာ လမ်းတွေ ပိတ်ထားတာကြောင့် ဘတ်စ်ကားလမ်းကြောင်းတချို့
ထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။
.
ဒါ့အပြင် လွှတ်တော်အနီးက အမြန်လမ်းမကြီး တချို့ကိုလည်း
ပိတ်ထားခဲ့တယ်လို့ အဲဒီလမ်းတွေကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီက ပြောပါတယ်။
.
Ref
– CNA

No comments:
Post a Comment