ဟိုပုံးတွင် ဒဏ်ရာများနှင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အလောင်း တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 29, 2026

ဟိုပုံးတွင် ဒဏ်ရာများနှင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အလောင်း တွေ့ရှိ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်တွင် ယနေ့ ဩဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းက ဒဏ်ရာများနှင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အလောင်း တစ်လောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

.

.

ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ နယ်မြေ (၆) ရှိ စိတ်ပေါ့သွပ်နေသူ အမျိုးသမီးတစ်ဦး၏ နေအိမ် အောက်ထပ်၊ ဖော့ဖျာပေါ်တွင် အမည်မသိအမျိုးသားတစ်ဦးအား ဦးခေါင်းနောက်စေ့တွင် အရှည် ၄ လက်မခန့် ပြတ်ရှလျက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

“မြို့ဦးကွက်သစ်နဲ့ အနောက်ရပ်ကွက်ကြားမှာပါ။ အိမ်အောက်မှာ လူတစ်ယောက် ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့လို့ ဆေးစာနဲ့ ဆေးရုံပို့ပြီး အမှုဖွင့်လှစ် ဆောင်ရွက်နေပါတယ်။ သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ မသိသေးပါဘူး။ စုံစမ်းတုန်းပဲ ရှိပါသေးတယ်” ဟု ဟိုပုံးမြို့မရဲစခန်းမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်း သေဆုံးမှုနှင့် ပတ်သက်၍ ဟိုပုံးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူကို ဖမ်းဆီး ရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages